ရုပ်ဆိုးသူ နဲ့ သံယောဇဉ် beauty and the beast

0
271

emma-watson-beauty-and-the-beast-movie-hd-wallpaper

ဇာတ်ကားက ၂ဝ၁၇ခုနှစ်၊ မတ်လ၁၇ရက်နေ့မှာ ထွက် ရှိလာပြီး အမေရိကန်နဲ့ နိုင်ငံတကာရုပ်ရှင်ရုံတွေမှာ စတင်ပြသလိုက်တဲ့ ရုပ်ရှင် ဇာတ်ကားဖြစ်ပါတယ်။ ၁၂၉မိနစ်ကြာမြင့်ပြီး အမေရိကန် ဒေါ်လာသန်း၁၆ဝကုန်ကျတဲ့ ဒီရုပ် ရှင်ဇာတ်ကားဟာ ရုံတင်ပြီးသုံးရက်အတွင်းမှာပဲ အံ့သြထိတ်လန့်စရာ ကောင်းလောက်အောင် အမေရိန်ကန် ဒေါ်လာ သန်းပေါင်း ၄၂၈သန်းကျော် ပြန်ဝင်လာပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဝေါ့ဒစ္စနေက ရိုက်ကူးပြသပြီးခဲ့တဲ့ ကာတွန်းရုပ်ရှင်ဇာတ်ကားကို လူ အစစ်တွေနဲ့ လည်ပြန်ရိုက်ကူးထား တဲ့ ရုပ်ရှင်ပါ။ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲထဲမှာ မြင်သူတိုင်းချစ်တဲ့ ဆံပင်ရွှေရောင်လေးနဲ့ သရုပ်ဆောင်ခဲ့သူ “အမ်မာဝပ်ဆန်” က အခုဇာတ်ကားမှာ Belle အဖြစ်နဲ့ သရုပ်ဆောင်သလို၊ Downton Abbey မှာ သရုပ်ဆောင်ခဲ့တဲ့ “ဒန်းစတီဗင်” က အခု ဒီဇာတ်ကားမှာ ကြောက်မက်ဖွယ်ရာသတ္တဝါကြီးအဖြစ် သရုပ်ဆောင်ထားပါတယ်။

ဒါရိုက်တာ Bill Condon က စာရေးဆရာ Jeanne – Marie Leprince De Bedumont ရေးတဲ့ စာအုပ်ကိုအခြေခံကျောရိုးယူပြီး ပြန်လည် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ခုနေအခါမှာ အမေရိန်ကန်ပြည်ထောင်စုနဲ့ ကနေဒါက ပွဲဦးထွက်အအောင်မြင်ဆုံး၊ စံချိန်ဝင်ငွေအချိုးဆုံး ဇာတ်ကားအဖြစ် မှတ်တမ်းတင်လိုက်ကြပါတယ်။ ဒီလိုအဖြစ်မျိုးဟာ ဟိုတုန်းက ဒီလိုဇာတ်ကားမျိုးတွေ မဟုတ်ဘဲ စူပါဟီးရိုးဇာတ်ကားတွေသာ ဒါမျိုးရလေ့ ရှိတဲ့အခွင့်အရေးလို့ ဆိုနေကြပါတယ်။ အခုဒီလိုအခြေအနေကြောင့် ဒစ္စနေဟာ အင်မတန်ကြီးကျယ်တဲ့ အင်ပါယာကြီးဖြစ်သွားပါပြီ။ တကယ်ကိုအားကျစရာပါပဲ။ အခုပြသနေချိန် ရက်သတ္တသီတင်းသုံးပတ်ကျော်လာခဲ့ပါပြီ။ နောက်ဝင်ရောက်လာမယ့် ဝင်ငွေဟာ ဘယ်လောက်ဖြစ်လာဦးမလဲဆိုပြီး မှန်းဆနေကြပြန်ပါတယ်။

ဒီဇာတ်လမ်းလေးက ကာတွန်းရုပ်ရှင်ကလာတာဆိုတော့ လူတော် တော်များများကြည့်ဖူးနေခဲ့ပြီး လောက်ပါပြီ။ ပြင်သစ်နိုင်ငံရဲ့အရပ် ဒေသတစ်ခုမှာရှိတဲ့ မြို့ ဟောင်းကြီးတစ်မြို့လို့ပဲ ထင်ရပါတယ်။ အဲဒီမှာ လူအများပျော်ရွှင်မြူးတဲ့ ကပွဲကြီးတစ်ခု ကျင်းပနေတယ်။ အဲဒီနေရာကို အိမ်ခြေယာခြေ အတည်တကျ မရှိတဲ့အမျိုးသမီးတစ်ဦးရောက်လာခဲ့တယ်။ သူ့မှာ နေစရာမရှိတဲ့အတွက် သူ့ကိုနေစရာပေးဖို့ အလဲအလှယ်အနေနဲ့ အိမ်ရှင် “ဗိန်းမိုနာ့ခ်ျ” ကို နှင်းဆီပန်းတစ်ပွင့် ပေးခဲ့တယ်။

ဒီဇာတ်ကားဟာ ၁၉၉၁ခုနှစ် က အမေရိကန်အန်နီမေးရှင်း ရုပ်ရှင်ပါ။ အင်္ဂလိပ်ဘားရှင်းကော၊ ပြင်သစ် ဘားရှင်းပါရှိတဲ့ ပုံပြင်တစ်ပုဒ်ကို အခြေခံပြီး ရိုက်ကူးလာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မာနကြီးပြီး စိတ်ကြီးဝင်မှုကြောင့် မှော်စွမ်းအားနဲ့ ကြောက်မက်ဖွယ်ရာကောင်းတဲ့ ဘီလူးကြီးအသွင် ဖန်တီး ပြောင်းလဲခြင်းခံလိုက်ရတဲ့ မင်းသားလေးနဲ့ သူ့ရဲ့ရဲတိုက်ထဲမှာ ပိတ်လှောင်ထားတဲ့ မိန်းမချော၊ မိန်းမလှလေးတို့ရဲ့ အချစ်ဇာတ်လမ်းပါ။ မာနကြီး၊ စိတ်ကြီးဝင်သူက သူမင်းသားပြန်ဖြစ်ဖို့အတွက် ဘဲလာရဲ့အချစ်ကို ပြန်ရမှ ဖြစ်မယ်။ အဲသလိုမှမဟုတ် ရင်သူဟာရာသက်ပန် အရုပ်ဆိုးဆိုးဘီလူး ကြီးအဖြစ်နဲ့ပဲ နေသွားရတော့မှာ။ အဖြစ်ကအဲသလို …

ဝင်းကိုမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here