စနေနေ့ စနေည အတွက် အင်္ဂါနေ့မှာ လုပ်ခဲ့တဲ့ ရင်ဂိုရဲ့ပွဲ

0
250

ZAW_6432အဆိုတော် ရင်ဂိုက သူ့ရဲ့ စီးရီးသစ် “စနေနေ့စနေည” ကို မတ်လ ၁၈ ရက်နေ့ က ထွက်ရှိခဲ့ပါတယ်။ သီချင်း ၁ဝ ပုဒ် ပါဝင်တဲ့ ဒီစီးရီးမှာ တော့ သီချင်းအားလုံး ကို ရင်ဂို တစ်ယောက်တည်းက ရေးသား ထားပြီး အင်ပါယာ တီးဝိုင်းနဲ့အတူ သား ဖြစ်သူ ကျားပေါက်နဲ့ ရင်ဂိုတို့  ကိုယ်တိုင် လည်း ပါဝင် တီးခတ်ထားကြပါတယ်။

စီးရီးထွက်ရှိခြင်း အမှတ်တရအဖြစ် မိတ်ဆွေများနဲ့ တွေ့ဆုံ မိတ်ဆက်ပွဲကို လည်း ဧပြီလ ၄ ရက်နေ့ညက ပါရမီ လမ်းရှိ Piano Bar  မှာ ကျင်းပပြုလုပ်ခဲ့ပါ တယ်။ ဒီပွဲမှာတော့ ရင်ဂို တို့ရဲ့ မိသားစု မိတ်ဆွေ သူငယ်ချင်းများက သီချင်းများ နဲ့ လည်း သီဆို ဖျော်ဖြေကြပြီး ရင်ဂိုရဲ့ စီး ရီးသစ်ထဲက သီချင်းများကိုလည်း ရင်ဂို က သီဆိုပြခဲ့ပါတယ်။

“ဒီနေ့ပွဲလေးကတော့ ဒီကြား ထဲမှာ မအားတာနဲ့ မလုပ်ဖြစ်သေးလို့ ခုမှ လုပ် ဖြစ်တာ။ ကျွန်တော် ဘာမှ မလုပ်ဘဲ ထိုင်နေတာတော့ သုံးလေးနှစ် ရှိပြီ။ ဒီစီးရီးခွေလေး ပြန်ထွက်ဖြစ်တာက ကျားပေါက်တို့၊ ခူခူးတို့လည်း သူတို့ အလုပ် သူတို့ လုပ်နေကြပြီ။ သူတို့ကို လည်း လက်လွှတ်လို့ ရပြီဆိုတော့ အစ က စာအုပ်လေး ရေးတယ်။ အခုတော့ သီချင်းလေးတွေ လည်း ရေးချင်စိတ်ပေါ် လာလို့။ အခုက လွတ်လွတ်လပ်လပ် စာ သား ရေးလို့ရတဲ့ အနေအထား ဖြစ်လာ တယ်။ အရင်ကတော့ မရေးရဲဘူး။ ကျွန်တော်တို့ကရေးရင် ဒဲ့တွေရေးတာ များတယ်။ ဘယ်တုန်းက စာသားမျိုး တွေ ခေါင်းထဲရိုက်သွင်း မိနေလည်း ဆိုတော့ ကိုလတ်ကြီး (မင်းမင်းလတ်) တို့ခေတ် က စာသားမျိုးတွေ ခေါင်းထဲ ရောက်နေတော့ ဆင်ဆာအရ ရေးဖို့ ခက်တယ်။ စကားလုံး အတည့်တွေပဲ ရေး ချင်တာ။ ဒီစီးရီးခွေလေးကို နားထောင် မိရင်ကိုပဲ ကျေနပ်ပါပြီ။ဘယ်လိုပဲ နား ထောင်မိ နားထောင်မိ ကျွန်တော့်သီချင်း လေးတွေကို နားထောင်မိရင် ကျေနပ်ပါ တယ်” လို့ ရင်ဂိုက သူ့စီးရီးနဲ့ပတ်သက် လို့ ပြောပါတယ်။

ရင်ဂို တစ်ကိုယ်တော် ရေးသားထား တဲ့ “စနေနေ့စနေည” စီးရီးကတော့ Rock&Roll Mood တွေ နဲ့  တစ်ခွေလုံး လွှမ်းခြုံထားပြီး ရက်ဂေးဆန်ဆန် သီချင်း များလည်း ပါဝင်ပါတယ်။

ရဲရဲ၊

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here