နွမ်းပါးရုပ်ရှင် လောကသား တစ်ထောင်ကျော်ကို နှစ်သစ် အကြို အလှူအဖြစ် ဆန်၊ဆီ အပါအဝင် စားသောက်ကုန်များ လှူဒါန်း

0
184

bellar

မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးကနေပြီး ဦးစီးလှူဒါန်းတဲ့ သင်္ကြန်ကာလအတွင်း စားဝတ်နေရေး အခက်အခဲရှိနိုင်တဲ့ နွမ်းပါး ရုပ်ရှင်လောကသား အယောက် တစ်ထောင်ကျော်ကို ဆန်၊ဆီ၊ ငါး သေတ္တာ၊ မားမားခေါက်ဆွဲပုံးများစတဲ့ စားသောက်ကုန်များကို ပြီး ခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးမှာ လှူ ဒါန်းခဲ့ပါတယ်။ နှစ်စဉ်ပြုလုပ်နေကြ အလှူတစ်ခု ဖြစ်ပေမယ့်လည်း မနှစ်က အယောက်၈ဝဝကျော်အတွက် သာလှူဒါန်းနိုင်ခဲ့ရာမှ အခုနှစ် မှာတော့ လူဦးရေ တစ်ထောင်ကျော် အတွက် လှူဒါန်းနိုင်ခဲ့ခြင်းဖြစ် ပါတယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ ဦးအေးကြူ လေးကတော့ အခုလိုတိုးမြှင့်လှူ ဒါန်းနိုင်လိုက်တာဟာပြင်ပ အလှူ ရှင်တွေရဲ့ လာရောက်လှူဒါန်းမှုတွေကြောင့်လည်းပါကြောင်း မှတ်ချက်ပြုဆိုပါတယ်။

” အပြင်ကအလှူရှင်တွေ လှူဒါန်းမှု စုစုပေါင်းကတော့ ကျပ်သိန်း ၃ဝ ကျော်လောက်ရှိခဲ့ပါတယ်။ ကျန်တာကတော့ ရုပ်ရှင်အစည်းအရုံးက လှူဒါန်းတာ ဖြစ်ပါတယ်။ Bella ကလည်း လာရောက် လှူဒါန်းပါတယ်။ အဓိကကတော့ နေ့စားတွေအတွက် ရည်ရွယ်တာပေါ့။ သင်္ကြန်မှာ သူတို့ တွေရဲ့အလုပ်က နားထားရတာလေ။ ဝင်ငွေ မရှိတဲ့ အခါ သူတို့ ဝမ်းရေးအတွက် အခက်အခဲရှိတယ်။ အဲဒါကြောင့် သူတို့တွေ သင်္ကြန်ရက်တွေကိုဖြတ်သန်းရတဲ့ အခါအဆင်ပြေ အောင်ဖြစ်ပါတယ်။ အခုလှူဒါန်းပေးတာက ဆန်က ၅ပြည်၊ ဆီကတစ်ပုလင်း၊ ငါးသေတ္တာက ၅ဘူး၊ မားမားခေါက်ဆွဲ ကတစ်ပုံးလှုဒါန်းပါတယ်” လို့ ဒုဥက္ကဋ္ဌဦးအေးကြူလေးက ပြောပြ ပေးပါတယ်။

အမေအခန်းတွေမှာ သရုပ်ဆောင်မှုတွေ အများအပြားတွေ့ရတဲ့ ဇာတ်ပို့ဇာတ်ရံတစ်ဦးဖြစ်သူ ဒေါ်နွယ်နီကတော့ ” အခုလို ပေးအပ်လှူဒါန်းတာကို အန်တီတို့ အနေနဲ့ လည်း အထူးပဲ ကျေးဇူး တင်ရပါ တယ်။ သင်္ကြန် ကာလမှာ အခက်အခဲ ရှိနေတဲ့သူ တွေအများ ကြီးရှိပါတယ်။ အခုလိုလှူဒါန်းမှုလုပ်ပေးတာ အရမ်းကောင်းပါတယ်။ ရိုက်ကူးရေး တွေ ကလည်း အခုဆိုရင် ရှားပါးလာ နေပြီလေ” လို့ ပြောပြပေးပါတယ်။

တစ်ခေတ်တစ်ခါက နာမည် ကျော်ကြားခဲ့တဲ့ မင်းသမီးကြီး စန်းစန်းဝင်းကလည်း လှူဒါန်းမှုပစ္စည်းတွေကို လာရောက်ထုတ်ယူ နေတာတွေ့ခဲ့ရပါတယ်။ ” အခုလို ဆန်၊ ဆီ၊ ဆားလေး ပေးအပ်လာတော့ အမေတို့ အပါအဝင် ချို့တဲ့နေကြတဲ့ လောကသား တွေက ကျေးဇူးအရမ်းတင် ရပါ တယ်။ အတော်အများဟာ အလုပ် မရှိတော့ ချို့ တဲ့လာနေကြပြီ။ သင်္ကြန်ကာလမှ မဟုတ်ပါဘူး။ ဗီဒီယိုဘက်မှာ ရှိနေတဲ့ လောကသား တွေဟာ အတော်ကို အခက်အခဲ ဖြစ်ပြီး ဒုက္ခရောက်နေ ကြပြီ။ တချို့ ဆို အခုလို လှူဒါန်းမှု အတွက်ကို တောင် လမ်းစရိတ်မရှိလို့ မလာနိုင် ဘဲနဲ့ လူကြုံမှာပြီး ထုတ်ခိုင်းရတဲ့ အခြေအနေတွေ အထိတောင် ရှိတယ်” လို့ ပြောပြပေးအပ်ခဲ့ပါတယ်။

ထက်လူ၊
ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here