အဓိက ဇာတ်ဆောင် အဖြစ် သရုပ်ဆောင်ခွင့် ရရှိပြီဖြစ်တဲ့ ရပ်ဆဲလ်

0
311

russelအိပ်မက်ဆုံရာ season 6 မှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ရပ်ဆဲလ်က ဒါရိုက်တာ လွင်ကို ရိုက်ကူးထားတဲ့ “စည်း (The line)” ဆိုတဲ့ ဗီဒီယိုဇာတ်ကားမှာ အဓိက ဇာတ်ဆောင် အဖြစ် ပါဝင်သရုပ် ဆောင် ထားပါတယ်။ ဒီဇာတ်ကားဟာ သူ့ရဲ့ ဒုတိယမြောက် ဗီဒီယိုဇာတ်ကား ဖြစ်ပြီး အဓိက ဇာတ်ဆောင် အနေနဲ့ ပထမဆုံး သရုပ်ဆောင် ရတဲ့ ဇာတ်ကား ဖြစ်ကြောင်းကို ရပ်ဆဲလ်က..

“မနှစ်က ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးတဲ့ “အိတ်ကပ်ထဲက စာမျက် နှာ” ဆိုတဲ့ ဇာတ်ကားကို အောင်ရဲလင်း၊ ချစ် သုဝေ တို့နဲ့ သရုပ်ဆောင်ရပါတယ်။ အဲဒီဇာတ်ကား မှာလည်း အပြိုင် သရုပ်ဆောင်ရပြီး နေရာရတဲ့ ဇာတ်ကားလေး တစ်ကားပါ။ ဒါပေမဲ့ အခုဇာတ်ကား မှာတော့ main ကာရိုက်တာ အနေနဲ့ ပထမဦးဆုံး သရုပ်ဆောင် ရတာဖြစ်တဲ့ အတွက် တကယ့်ကို အမှတ်တရ ဇာတ်ကားလေးပါ။ ဒီဇာတ်ကားမှာ ကျွန်တော့်ကို gentleman ပုံစံလေး နဲ့ မြင်တွေ့ရမှာဖြစ်ပြီး တကယ့်ကို ခက်ခဲတဲ့ ကာရိုက်တာကို လုပ်ထား ပါတယ်။ တတ်လို့တော့ မဟုတ်ပါ ဘူး။ ဒါပေမဲ့ တကယ်ကို အနုပညာချစ် တဲ့စိတ်နဲ့ ပညာပိုင်း ဆိုင်ရာနဲ့ မသွားဘဲနဲ့ ကျွန်တော်တို့ နှလုံးသား ဆိုင်ရာနဲ့ သွား ထားတဲ့ ဇာတ်ကား လေးတစ်ကား ပါ”လို့ ပြောပြခဲ့ပါတယ်။ ရပ်ဆဲလ်က ဂီတရော၊ ရုပ် ရှင်ကိုပါ ချစ်မြတ်နိုးသူ တစ်ယောက် ဖြစ်ပါတယ်။ ဒီအတွက် ဒီလမ်းကြောင်း နှစ်ခုစလုံး ပေါ်မှာ အောင် မြင်စွာ ရပ်တည်နိုင်တဲ့သူ ဖြစ်အောင် ကြိုးစားသွား မှာပါလို့ ရပ်ဆဲလ်က ပြောပါတယ်။ ဂီတ နဲ့ ပတ်သက်ပြီး လတ် တလောမှာ တော့ mini album ထွက်ရှိလာနိုင် အောင် ကြိုးစားနေ ကြောင်း ရပ်ဆဲလ်က ပြောပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here