ကလေးတွေ ပျော်ကြတာ မြင်ရတဲ့အခါ ပင်ပန်းတာတွေ ပြေပျောက် ကုန်တယ် ပြေတီဦး

0
271

ZAW_6630Successmore Being Co;Ltd  မှ ပြေတီဦး ဖောင်ဒေးရှင်း နှင့် ပန်းပျိုးလက် အမှတ် ၁၇ ဝေဠုဝန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အ တွက် အလှူငွေ များပေး အပ်ပွဲ အခမ်းအနားကို ဧပြီလ ၆ ရက် နေ့၊ ညနေ ၃နာရီက Gandamar Grand Ballroom မှာပြုလုပ် ခဲ့ပါတယ်။

Successmore Being Co;Ltd  မှ ပြေတီဦး ဖောင်ဒေးရှင်း အတွက် အလှူငွေကျပ် ၄၅၅ဝဝဝဝ နှင့် ပန်းပျိုးလက်ဘုန်းတော်ကြီး သင် ပညာရေး ကျောင်းကို အလှူငွေကျပ် သိန်း ၂ဝ တို့ကို ပေးအပ် လှူဒါန်းခဲ့ပါတယ်။ အခုလို ဖောင်ဒေးရှင်း ကို အလှူငွေများ ပေးအပ် လှူဒါန်းတဲ့ အတွက် ကျေးဇူးတင် ဝမ်းသာပီတိ ဖြစ်ရကြောင်းကို ပြေတီဦးက…

“ဒီနှစ် ကျွန်တော့်ရဲ့ ဖောင်ဒေးရှင်းကို ကျောင်းသား ၄၄ ယောက် လျှောက် ထားခဲ့ပြီး ၃၁ ယောက် ထောက်ပံ့ ပေးနိုင်ခဲ့ပါတယ်။ အကူ အညီ မပေးနိုင်ခဲ့တာ ၁၃ ယောက်ပါ။ အဲဒီ မကူညီနိုင်ခဲ့တဲ့ ကလေးတွေကို success more being co.ltd  ကနေပြီးတော့ ကလေး တစ်ယောက်ကို ကျပ် ၃၅ဝဝဝဝ လှူဒါန်းချင် ပါတယ်ဆိုပြီး ဆက်သွယ်လာလို့ ရှုတင်မှာ ရိုက်စရာ ရှိတာတွေ အမြန်ရိုက်ပြီး အဲဒီပွဲလေးကို တက် ဖြစ်ခဲ့ပါတယ်။ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း ကလေးတွေ နဲ့တွေ့ပြီး အလှူငွေတွေ ရလို့ ကလေးတွေ ပျော်ကြတာ မြင်တော့ ပင်ပန်းတာ တွေလည်း ဘယ်ရောက် သွားမှန်းတောင် မသိတော့ပါဘူး။ စေတနာ ထက်သန်စွာ လှူဒါန်းပေးခဲ့တဲ့ successmore company ကိုလည်း ကျေးဇူးတင် ဝမ်းမြောက်စွာနဲ့ သာဓုခေါ်ပါတယ်” လို့ပြောပါတယ်။

Successmore Being Co;Ltd  မှ မနှစ်ကလည်း သန်လျင် သဘာဝ တရားရိပ်သာမှာ ရှိတဲ့ အဘိုး အဘွားများ အတွက် လိုအပ်တဲ့ပစ္စည်းများ အလှူငွေ များလည်း သွား ရောက် လှူဒါန်း ခဲ့ဖူးပါတယ်။ ဒီနှစ်မှာတော့ ငွေကြေး ချို့တဲ့နေတဲ့ လူငယ်များရဲ့ ပညာ ရေးအတွက် ထောက်ပံ့လှူဒါန်းချင်တာကြောင့် ပြေတီဦး ဖောင်ဒေးရှင်းနဲ့ ပန်းပျိုးလက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များကို လှူဒါန်း ခြင်းဖြစ်ပြီး နောက်ထပ်လည်း အမှန်တကယ် လိုအပ်နေတဲ့ ကျေးလက်ဒေသများကို သွားရောက် လှူဒါန်း သွားကြမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here