ဒီနှစ် သင်္ကြန်က ကုသိုလ်တွေ၊ ပျော်ရွှင်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေ အများကြီး ရခဲ့တယ်လို့ ခံစားရတယ် အေးမြတ်သူ

0
324

ayemyatthuသရုပ်ဆောင် အေးမြတ်သူက ဒီနှစ်သင်္ကြန်၊ အကြို၊ အကျ၊ အကြတ် နေ့များမှာ ကျိုက်ဝိုင်း မသန်စွမ်း စောင့်ရှောက်ရေး ဂေဟာမှ ကလေး ငယ်များနဲ့ အတူ ပျော်ရွှင်စွာ ရေ ကစားခဲ့ပါတယ်။ မြန်မာဝတ်စုံ ဝတ်ဆင်ပြီး မသန်စွမ်းကလေး ငယ်များ နဲ့အတူ ရေ ကစားခဲ့ တဲ့ အေးမြတ်သူ ရဲ့ ပုံရိပ် များကို တွေ့မြင်တဲ့ ပရိသတ်တွေ အား လုံးကလည်း အပျော်တွေ ကူးစက် ခဲ့ကြပါတယ်။ မသန်စွမ်း ကလေး တွေ နဲ့အတူ ရေကစားဖြစ်ပုံ ကိုတော့ အေးမြတ်သူက “သင်္ကြန်မတိုင်ခင်တုန်းက ဖေ့တ်စ်ဘုတ်ထဲက သူငယ်ချင်း တစ်ယောက် က ကလေးတွေရေ ကစားဖို့ အတွက် ရေသေနတ်တွေ ရေပြွတ်တွေ သွားလှူမယ်တဲ့။ ပြီးခဲ့ တဲ့နှစ်ကလည်း သူသွားလှူတယ်။ ကိုယ်လည်း လှူချင်တာနဲ့ အစ်မ လည်း လှူမယ်နော် ဆိုပြီး လှူ လိုက်တယ်။ သူက လိုက်ခဲ့ပါလားတဲ့ ဇာတ်ကား ရိုက်လည်း ရှိနေတော့ သူတို့ သွား လှူတော့ မလိုက်ဖြစ်ခဲ့ ဘူး။ စိတ်ထဲမှာတော့ ဒီကလေးတွေ ရှိတာပဲ သင်္ကြန်တွင်း စတုဒီသာ ကျွေးရင် ကောင်းမလား ဆိုပြီး အဲဒီကျောင်းကို သွားမေးပြီး စုံစမ်း တယ်။ အလှူရှင် တွေက အများကြီး ပြည့်နေပြီတဲ့ အဲဒီအချိန်မှာ ကလေး တွေက ခြံထဲမှာ ရေဆော့နေ ကြ တယ်။ သူတို့ ရေဆော့နေတာ မြင်ပြီး ကိုယ်လည်း ပျော်ပြီးဝင်ဆော့ ဖြစ် သွားတာပါ။ ပျော်စရာ တအား ကောင်းတယ်။ ကလေးတွေ နဲ့ ရေ ၃ရက်ဆော့ ဖြစ်သွားတယ်” လို့ပြော ပါတယ်။

amtသင်္ကြန် အကြတ်နေ့ ညနေပိုင်း မှာတော့ ဖခင် နဲ့ မိသားစုတွေ အတူ ရေကစား ခဲ့သလို သင်္ကြန် အတက် နေ့မှာတော့ မန္တလေးမြို့က လမ်း လျှောက် သင်္ကြန်ကို လည်း ပါဝင် ဆင်နွှဲခဲ့ပါတယ်။ ဒီနှစ် သင်္ကြန် ကတော့ ပြီးပြည့်စုံတဲ့ သင်္ကြန် ပါပဲလို့ ဆို တဲ့ အေးမြတ်သူက

“ဖေကြီးနဲ့ အတူတူ မိသားစုတွေ ပျော်ပျော်ကြီး ရေဆော့ခဲ့တယ်။ မန္တလေး သင်္ကြန် လည်း သွားလည် ခဲ့တယ်။ မန္တလေးက တအား စည် တယ်။ လမ်းလျှောက် သင်္ကြန် ကို တအား သဘောကျတယ်။ ရန်ကုန်မှာ တော့ အတက်နေ့က လုပ်တယ်ပြော တယ်။ အဲဒီကိုတော့ သွားမဆော့ခဲ့ရ ဘူး။ မန္တလေးကတော့ သင်္ကြန်မကျ ခင်က တည်း က မန္တလေး လမ်း လျှောက် သင်္ကြန်က နာမည်ကြီး နေ တာဆိုတော့ တအားသွားချင် တာနဲ့ သွားဆော့ဖြစ် သွားတာပါ။ ဒီနှစ် သင်္ကြန်ကတော့ အရမ်းကို ပျော်စရာ ကောင်းပြီး ကြည်နူးမိတယ်။ ကုသိုလ် တွေရော၊ ပျော်ရွှင်မှုတွေ၊ ချစ်ခြင်း တရားတွေ အများကြီးရခဲ့ တယ်လို့ ခံစားရတယ်။ ရန်ကုန် သင်္ကြန်ရော၊ မန္တလေး သင်္ကြန်ရော နေရာစုံ ရောက်တယ်။ ပြီးပြည့်စုံတဲ့ သင်္ကြန် လေးပါပဲ” လို့  ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ – ဖြိုးမင်းဇော်


LEAVE A REPLY

Please enter your comment!
Please enter your name here