သားဦးလေးဆိုတော့ ပိုပြီးဝမ်းသာရပါတယ် မိုးယုစံ

0
339

Moe Yu San (2)

ကိုယ်ဝန် ၅ လ ဝန်းကျင်ရှိနေပြီဖြစ်တဲ့ သရုပ်ဆောင်မိုးယုစံရဲ့ ကိုယ်ဝန်က သားယောက်ျားလေးလို့လည်း သိရပါတယ်။ ပထမဦးဆုံး သားဦးဖြစ်တဲ့အတွက် ပိုပြီးဝမ်းသာမိကြောင်းကို မိုးယုစံက…

” ကိုယ်ကမိခင်ဆိုတော့ ဘာလေးပဲဖြစ်ဖြစ်ပါ။ ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ချစ်ရမှာပဲ။ ပထမဦးဆုံး သားဦးလေးဆိုတော့လည်း ပိုပြီးဝမ်းသာပါတယ်။ မိုးယုအမျိုးသားကအရင်ကတည်းက ကလေးအရမ်း ချစ်တဲ့သူဆိုတော့ ဘာလေးပဲဖြစ်ဖြစ် သူလိုချင်နေတာ။ အခုသားဦးဆိုတော့လည်း ချစ်တာပဲ” လို့ ပြောပါတယ်။ ရင်သွေးလေးရလာပြီဖြစ်တဲ့အတွက် ယခင်ကထက် အစားအသောက်၊ အနေအထိုင်ဆင်ခြင်ဖြစ်ပြီး ကျန်းမာရေးလည်း ဂရုစိုက်နေထိုင်ဖြစ်တယ်ဆိုတဲ့ မိုးယုစံက…

“due date ကတော့ ၉လပိုင်း မှာ ဖြစ်မယ်လို့ထင်တယ်။ ဘယ် မှာမွေးမလဲဆိုတာတော့ သေချာမစဉ်းစားရသေးဘူး။ အခုကိုယ် ဝန်၅လရှိပြီ။ ကိုယ်ဝန်၅လ အရှေ့ပိုင်းကတော့ ပိုဂရုစိုက်ရတယ်။ အခုက ပုံမှန်အတိုင်းပဲ နေဖြစ်တယ်။ ပုံမှန်အတိုင်းပဲ သွားသွားလာလာလုပ်ဖြစ်တယ်။ အစားအသောက်ကကျ တော့အရင်က ထက် စာရင်ကိုယ်မကြိုက် တဲ့အစားအသောက် တွေလည်း ကလေးအတွက် စားရတယ်။ အစားအသောက်ကတော့ ဂရုစိုက်ရတယ်။ ကလေးအတွက် ကိုယ်ဝန် ဆောင် အကြောင်းအရာ လေးတွေ ဖတ်ဖြစ်တယ်” လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here