Performance ( ဖျော်ဖြေခြင်း ) Vs Art ( အနုပညာ)

0
222

sooh

အနုပညာနှင့်ဖျော်ဖြေခြင်းဟာ ယှဉ်တွဲနေလေ့ရှိသော်လည်း အနုပညာပါဝင်မှု နည်းပါးသော ဖျော်ဖြေခြင်း များကိုရင့်ကျက်လာတာနဲ့အမျှ ကျွန်တော်တို့စိတ်မဝင်စားတော့ပါ။ ဖျော်ဖြေရေး သာဇောင်းပေးခြင်း၊ လူစိတ်ဝင်စားအောင် အတင်းလုပ်ယူခြင်းများ၊ ကျော်ကြားမှုအောင်မြင်မှု တို့ကို ဝယ်ယူနေခြင်းများဟာ တစ်စ တစ်စ ပိုမိုများပြားလာခဲ့ပါပြီ။ စစ်မှန် သော အနုပညာတို့ မှိန်ဖျော့လာခဲ့ပါသည်။ ဂီတစင်မြင့်ဖျော်ဖြေပွဲများတွင် ဂီတသည် အဓိကဖြစ်သင့် ပါသည်။ နိုင်ငံတကာဂီတပညာ ရှင်များသည် ဂီတအနုပညာကို ကျွမ်းကျင်ကျေလည်ပြီးမှ အက၊ ဖက်ရှင် နှင့် အခြား performance များလုပ်ကြခြင်းဖြစ်ပါသည်။ ဂီတ Live ဖျော်ဖြေပွဲများတွင်ဂီတအခြေခံပညာနည်းပါးစွာဖြင့် အဝတ်အစားမလုံ့တလုံဝတ်၊ အကကိုသာ ဦးစားပေး၊ အဆိုမပိုင်မနိုင်ဘဲ ဖျော်ဖြေရဲကြခြင်းများသည် အနုပညာ ( art )ကိုချစ်ခင်ကြတဲ့၊ ဂီတကိုမြတ်နိုးကြတဲ့ ပရိသတ်များအား စော်ကားခြင်းဟုမြင်ပါသည်။ အကောင်းဆုံးက performance ပါဝင်သော art ဖြစ်လာစေဖို့နှင့်၊ အနုပညာကိုစနစ်တကျ တတ်မြောက်ပြီး ဖျော်ဖြေတင်ဆက်နိုင်စွမ်း ရှိသူများဖြစ်လာအောင် ကြိုးစားစေချင်ပါသည်။ ဒါသည် ကျင့်ဝတ် (ethics) ကိုလိုက်နာခြင်းလည်းမည်ပါသည်။

“တိုးတက်ကြပါစေ”
ဆောင်းဦးလှိုင်
(၂ဝ.၄.၂ဝ၁၇)


LEAVE A REPLY

Please enter your comment!
Please enter your name here