စမ်းသပ်ခံ ထွက်ပေါက်မဲ့ လူသားများရဲ့ ကံကြမ္မာ The Belko Experiment

0
207

the-belko-experiment-tiff-2

ဇာတ်ကားက ၂ဝ၁၇ခုနှစ်၊ မတ်လ၁၇ရက်နေ့က ထွက်ရှိ လာခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားသစ် ဖြစ်ပါတယ်။ လောကမှာလူတွေဟာ လောဘ၊ ဒေါသ၊ မာန်မာနစိတ်နဲ့ အတ္တကြီးမားတဲ့ စိတ်တွေကို မထိန်း သိမ်းနိုင်ကြတော့ နိုင်ငံရေးအရ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံမှာ ပဲဖြစ်ဖြစ်၊ စီးပွားရေးအရ ချမ်းသာြ<ွကယ်ဝသူအချင်းချင်းပဲ ဖြစ်ဖြစ်၊ အတောမသတ်တဲ့ လောဘစိတ် တွေနဲ့ ဖြစ်ကြပြီဆိုရင် ကျွဲနှစ်ကောင် ခတ်တဲ့ကြားက မြေဇာပင်လို ကြားက မဆိုင်တဲ့လူတွေ နစ်နာကြရစမြဲ။ အခုလည်း ကုမ္ပဏီဆိုတဲ့ စီးပွား ရေးလောဘကြီးတဲ့ ပုဂ္ဂိုလ်တွေရဲ့ စိတ်ထားတွေကြောင့် မဆိုင်တဲ့သာ မန်အလုပ်သမားတွေ ဘေးဒုက္ခကြုံကာ ဝမ်းနည်းကြေကွဲစရာ ဖြစ်ကြရ ပုံအကြောင်း ဒီဇာတ်ကားမှာ တင်ပြ ထားပါတယ်။ သည်းထိတ်ရင်ဖို အက်ရှင်အမျိုးအစားပါ။ ရိုက်ကူးတဲ့ဒါရိုက်တာက ဂရတ်မက်လင်ဖြစ်ပြီး ဂျွန်ဂေါလက် ဂါဂျူနီယာနဲ့ တိုနီဂိုးလ်ဝင်းတို့နဲ့အတူ မင်းသမီး အဒရီယာအာဂျိုနာက တွဲဖက်ပါဝင်ပြီး သရုပ်ဆောင်ထားပါတယ်။

တောင်အမေရိကတိုက်မှာရှိတဲ့ ကိုလံဘီယာနိုင်ငံ၊ ဘိုဂိုတာမြို့မှာ အဆင့်မြင့် ဆောက်လုပ်ရေး ကုမ္ပဏီကြီးတစ်ခုက တာဝန်ယူပြီး အဆင့်မြင့်ရုံးအဆောက်အအုံကြီး တစ်ခုဆောက်လုပ်ပါတယ်။ အဲဒီ အဆင့်မြင့် အဆောက်အအုံကြီးထဲ မှာ အမေရိကန်နိုင်ငံသား အယောက် ၈ဝပိတ်မိပါတယ်။ အဲဒီအယောက် ၈ဝကို ကုမ္ပဏီရဲ့ အင်တာကွန်းက တစ်ဆင့်အမည်မသိလူတစ်ယောက်က အမိန့်ပေးပါတယ်။ သူ့ရဲ့ညွှန်ကြားချက်တွေကို မလိုက်နာရင် အားလုံးကို သတ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှု အောက်မှာ ရုန်းကန်လှုပ်ရှားကြရတဲ့ ရင်တထိတ်ထိတ်ဖြစ်ရပ်တွေကို လှုပ်ရှားတဲ့ စိတ်နဲ့မြင်တွေ့ကြရမှာဖြစ်ပါတယ်။

BELKO 363A1470.cr2

မိုက်မီလတ်ခ်ျဆိုတဲ့လူဟာ Belko စက်မှုကုမ္ပဏီလုပ်ငန်းကြီး အတွင်းက ဝန်ထမ်းတစ်ယောက်ဖြစ် ပါတယ်။ ဂိတ်ပေါက်ဝမှာ ဒေသခံ ကိုလံဘီယာလူမျိုးတွေကို အလုပ် ကနေ ထုတ်ပယ်လိုက်ပြီးတဲ့ နောက် အသစ်ငှားရမ်းထားတဲ့ လုံခြုံရေး အစောင့်တွေကို ခန့်အပ်လိုက်ချိန် ကနေစပြီး ကိုလံဘီယာနိုင်ငံ၊ ဘိုဂိုတာမြို့ရဲ့ ပြင်ပတစ်နေရာမှာ ဆောက်လုပ်ထားပြီးဖြစ်တဲ့ အဆောက်အအုံကြီးတစ်ခုဆီကို အလုပ်ပြောင်းရွှေ့လာခဲ့ပါတယ်။ မိုက်မီလတ်ခ်ျနဲပအတူ ချစ်သူမိန်းမ ချောလေး “လင်ဒရာ” ရယ်၊ သူဋ္ဌေးဖြစ် သူ “ဘယ်ရီ ” ရယ်နဲ့ တခြားလုပ်ဖော် ကိုင်ဖက်တွေက အတ္တစိတ်မရှိ၊ ကိုယ့် အတွက်ချည်းပဲ မကြည့်ဘဲ လုပ်ငန်းခွင်ကြီးအတွင်းမှာ စိတ်အားထက်သန်စွာနဲ့ လုပ်ကိုင်ကြပါတယ်။

ဒါပေမဲ့လည်း တစ်နေ့မှာ ကုမ္ပဏီရဲ့ အင်တာကွန်းကနေတစ်ဆင့် အမည်မသိလူယောက်ကနေ စတင် ခြိမ်းခြောက်လာတာကို ကြုံကြရပါ တယ်။ ကုမ္ပဏီမှာရှိတဲ့ ဒေသခံ ဝန်ထမ်းမှန်သမျှကို ထွက်ခိုင်းပြီးတဲ့ နောက် ကျန်ရှိနေတဲ့ အမေရိကန်နိုင်ငံသားအယောက် ၈ဝကို ပြန်ပေးဆွဲ သလို၊ ဖမ်းဆီးသလို လုပ်လိုက်တာကို ခံလိုက်ကြရပါတယ်။ အပြင်ဘက်က နေ လူဝင်လို့မရအောင် ကုမ္ပဏီတစ်ခုလုံးကို လုံခြုံရေးသံမဏိပြား ကြီးတွေနဲ့ ပိတ်လှောင်ကာရံလိုက်တာ ကို ခံလိုက်ကြရပါတယ်။ အဲဒီလို လုပ်ပြီးတဲ့နောက် အင်တာကွန်းကနေ အမည်မသိလူတစ်ယောက်ရဲ့အသံ ကပေါ်လာပါတယ်။ အဲဒီအသံရှင်က ဘာပြောသလဲဆိုတော့ အဲဒီပိတ် လှောင်ခံရသူ လူအယောက်၈ဝထဲက နေ လူနှစ်ဦးကို ရွေးထုတ်ကာ မင်းတို့ နှစ်ယောက်ကနေ အလှည့်ကျ တစ် ယောက်တစ်လဲစီ သတ်ပစ်ရမယ်လို့ ညွှန်ကြားလိုက်ပါတယ်။အဲဒီညွှန်ကြားမှုပြီးတဲ့နောက် အယုံအကြည်မဲ့ ပိတ်လှောင်ခံကြရတဲ့ လူတွေအတွင်းမှာ သွေးချောင်းစီးပစ်ခတ်မှုတွေ ပေါ်ပေါက်လာပါ တော့တယ်။ စမ်းသပ်ခံရသူ လူသားတွေ ဘယ်သူတွေ ထွက်ပေါက်တွေ့မလဲ။ အကုန်သေမလား၊ လွတ်မလား။ ကြည့်ဖြစ်အောင်သာ ကြည့်စေလိုပါတယ်။

ဝင်းကိုမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here