ရွှေသမီး ရဲ့ ဘဝလက်တွဲဖော်က ဘယ်လိုပုံစံမျိုးလဲ

0
284

Shwe-Thameeဧပြီလ ၁၈ ရက်နေ့က သရုပ် ဆောင် ရွှေသမီးရဲ့ ၂၂ နှစ်ပြည့် မွေးနေ့ပါ။ ရွှေသမီး ကိုချစ်တဲ့ ပရိသတ်တွေ ကတော့ သင်္ကြန်မတိုင်ခင် ဧပြီလ ၁၂ရက်နေ့က မွေးနေ့အကြို အဖြစ် surprise  လာလုပ်ခဲ့ကြသလို မွေးနေ့ လက်ဆောင်တွေလည်း ပေးခဲ့ကြပါတယ်။

“ညီမ မွေးနေ့မှာက နည်းနည်းအလုပ်တွေရှိတယ်။ ခရီးထွက်မှာ ဆိုတော့ မအားဘူး။ ပရိသတ်တွေက လည်း သင်္ကြန်တွင်းမှာ ခရီးထွက် ကြမယ်။ နယ်ပြန်ကြမယ်ဆိုတော့ ညီမမွေးနေ့မှာ မရှိကြလို့ အစော ကြီးလာပြီး surprise  လုပ်ကြတာပါ။ ညီမရှုတင်က ပြန်လာတဲ့ အချိန် အမေနဲ့ ဆက်သွယ်ပြီး surprise  လုပ်ထားကြတာပါ။ အိမ်ထဲကို ဝင်လိုက်တော့ တော်တော် အံ့သြသွားတယ်။ တစ်ခန်း လုံး ဘောလုံးတွေ နှင်းဆီပန်းတွေနဲ့ လုပ်ပေးထားတယ်။ အဲဒီလိုမျိုးလည်း surprise  တစ်ခါမှ မလုပ်ခံရဖူးဘူး။ တအားဝမ်း သာပါ တယ်။ ကျေးဇူး လည်း တင်ပါ တယ်။ ညီမ ပရိသတ်တွေကို ဒီထက်ပိုပြီး ဂရုတစိုက်နဲ့ ချစ်ပါ့မယ်။ ပျက်ကွက်ခဲ့တာတွေ ရှိရင်လည်း ခွင့်လွှတ်ပါလို့ ပြောချင်ပါတယ်” လို့ ပရိသတ်တွေကြောင့် ပျော်ရွှင်ခဲ့ရ ကြောင်း ရွှေသမီးကပြောပါတယ်။

မွေးနေ့ဖြစ်တဲ့ ဧပြီလ ၁၈ရက် နေ့မှာတော့ ရွှေသမီးပါဝင် သရုပ်ဆောင်မယ့် “တည်ကြက်” ရုပ်ရှင် ဇာတ်ကား ကန်တော့ပွဲ ကို ရွှေတိဂုံ ဘုရားမှာ ပြုလုပ်ခဲ့ပါတယ်။ မွေးနေ့မှာ အလုပ်နဲ့စတင် ရသလို ဘုရားလည်း တစ်ခါတည်း ဖူးခွင့်ရတဲ့ အတွက် ပျော်ရွှင် မိ ကြောင်း ရွှေသမီး ကပြောပါတယ်။ အပျိုကြီး လုပ်မှာ မဟုတ် ဘူးဆိုတဲ့ ရွှေသမီးက ဘဝလက်တွဲဖော် အနေနဲ့ ဘယ်လို လူမျိုးကို ရွေးချယ်မလဲ လို့ မေးတော့…

“အရင်ကတည်းက အပျိုကြီးလုပ်မှာလားဆို ဘယ်တော့မှ အပျိုကြီး လုပ်မယ်လို့ ဘယ်တော့မှမဖြေဘူး။ (ရယ်လျက်) ဘဝကြီး ကို အထီး ကျန် ကျန် ဆန်ပြီးတော့ မနေနိုင်ဘူး။ ဘဝမှာ တစ် ယောက်တည်း နေပြီး ကုန်ဆုံးသွားရမယ့် အချိန် တွေကို တစ်ဦး တစ်ယောက်နဲ့ မျှဝေပြီး ကုန် ဆုံးလိုက်တာက ဘဝကပိုပြီး အဓိပ္ပာယ်ရှိ တယ် လို့ ညီမ ထင်တယ်။ ညီမ လည်း ညီမ လက်တွဲဖော် ကို ရှာရမှာပေါ့။ ဖူးစာပေါ့။ သူ့အလို လိုရောက် လာမှာပါ။ အဲဒီလိုပဲ မျှော် လင့်တယ်။ လက်တွဲဖော် အနေနဲ့က ရုပ်ရည်နဲ့ အသက်အရွယ်ကို ညီမ သိပ်မကြည့် ဘူး။ တစ် ယောက်နဲ့ တစ် ယောက် နား လည်မှု၊ ယုံကြည် မှုတွေနဲ့ ကိုယ့် အပေါ် ကိုပဲ ဂရုတစိုက် ချစ်နေမယ့်သူမျိုး ပေါ့။ အသက်အရွယ် တွေ ရုပ်ရည်တွေက အဓိကမကျဘူး။ ကိုယ်လည်း အသက်ကြီးမှာပဲ၊ သူလည်း အသက်ကြီးမှာပဲ။ အဘိုးကြီး အဘွားကြီး ဖြစ်မှာပဲ။ အဘိုးကြီး အဘွားကြီး ရုပ်တွေ ထွက်လာမှာပဲ။ ရုပ်ရည်ထက် အတွင်းစိတ်လှဖို့ပါပဲ။ ကိုယ်နဲ့ စိတ်ချင်းတူမယ့် သူ၊ ယုံကြည် မှုတွေပေးနိုင်မယ့် အားကိုးနိုင်မယ့် ယောက်ျားပဲ အတွေးထဲမှာရှိ ပါတယ်။ ဘယ်လိုအဆင့်အတန်းရှိမှ ဆိုတာမျိုး စိတ်ထဲမှာမရှိပါ ဘူး” လို့ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here