တစ်ယောက်ချင်းစီတိုင်းက အမှိုက်တွေကိုစနစ်တကျ စွန့်ပစ်လာကြမယ် ဆိုရင် အမှိုက် ကင်းစင်တဲ့ တိုင်းပြည် ဖြစ်လာ ပါလိမ့်မယ် သွန်းဆက်

0
226

MIN_5966မြန်မာနိုင်ငံမှာ အမှိုက်စွန့် ပစ်တဲ့ ကိစ္စနဲ့ ပတ်သက်လာရင် စနစ်တကျ စွန့် ပစ်ခြင်းကို လိုက်နာမှု အား နည်းနေသေးတာ ကို ရန်ကုန်မြို့ အပါအဝင် တခြား တိုင်းနဲ့ ပြည်နယ် တွေရဲ့လမ်းမထက်တွေ ပေါ်က အမှိုက် သရိုက်တွေက သက်သေပြ လျက်ရှိနေပါသေးတယ်။ ကွင်းပြင် ထဲမှာကျင်းပတဲ့ အခမ်းအနားတွေ ပြုလုပ် ပြီးစီးသွားတဲ့ အခါတွေတိုင်း မှာလည်း ပွဲခင်းထဲမှာ အမှိုက် သရိုက်တွေ များစွာ စွန့်ပစ် ကျန်ရှိနေ ခဲ့တတ်သလို ပြီးခဲ့တဲ့ မြန်မာနှစ်သစ် ကူးအတာ သင်္ကြန်ကာလ အတွင်းမှာ လည်း အမှိုက်တွေ ဟာ လမ်းမတွေ ပေါ်မှာ တင်ကျန် ရစ်ခဲ့နေတာကို အထင်းသားမြင် တွေ့နိုင်ပါတယ်။ နာမည်ကျော် သရုပ်ဆောင် တစ်ဦး ဖြစ်သူ သွန်းဆက်တော့ အမှိုက် ကိစ္စဟာ လူတစ်ဦး တစ်ယောက် ချင်းစီရဲ့ အသိစိတ်ဓာတ်တွေနဲ့သာ သက်ဆိုင်နေတယ် လို့မှတ်ချက်ပြု ဆိုပေးပါ တယ်။ အဲ့ဒါကြောင့်လည်း သွန်းဆက်ကို အမှိုက် ကိစ္စနဲ့ ပတ်သက်ပြီး သူနေထိုင်ပြုမှုဖြစ်တဲ့ အကြောင်းတွေ ကို မေးမြန်းဖော်ပြ ပေးလိုက်ပါတယ်။

အမှိုက်ကိစ္စ

အမှိုက် ကိစ္စနဲ့ ပတ်သက်လာရင် တိုင်းတစ်ပါးသားတွေ က ပြောကြတာ များတယ်။ မြန်မာနိုင်ငံကို ကြည့် လိုက်ရင် အမှိုက်တွေ ချည်းပဲတဲ့။ နိုင်ငံခြားမှာ ဆိုရင် အမှိုက် မရှိဘူးတဲ့။ သူတို့ဆီမှာကတော့ တစ်ယောက်ချင်း စီတိုင်းက သူတို့အသိ စိတ်ဓာတ်နဲ့ သူတို့ ရှင်း သွားကြတာလေ။ သွန်း ဆက် နိုင်ငံခြားသွားတဲ့ အခါတိုင်း သတိထားမိတာ တစ်ခုက အမှိုက်နဲ့ ပတ်သက်လာရင် သူတို့မှာ စွန့်ပစ် ကျွတ်ကျွတ်အိတ် လေးတွေ ပါလာ တာတွေ့တယ်။ အမှိုက်ပုံးနဲ့ ဝေးနေ တဲ့ အခါတွေမှာ သူတို့ စားပြီးခဲ့တဲ့ ပစ္စည်းတွေကို ထည့်တယ်။ ပြီးတော့ အမှိုက်ပုံးရှိတဲ့ နေရာရောက် မှ စနစ်တကျ ပစ်ကြတာဖြစ်တယ်။

တစ်ဦးချင်းစီရဲ့ အသိစိတ်နဲ့ သက်ဆိုင်

အခု သင်္ကြန်တွင်းတုန်းက လုပ်ခဲ့တဲ့ EDM ပွဲတွေမှာ ဆိုရင် အမှိုက်တွေကို သေချာ စနစ်တကျ ရှင်းလင်းနေတာ တွေတွေ့ခဲ့ရတယ်။ အမှိုက်ကိစ္စက တစ်ယောက်ချင်းစီ တိုင်းရဲ့ အသိစိတ်တွေ နဲ့ သက်ဆိုင် ပါတယ်။ အမှိုက်အိတ် ကလေးတွေနဲ့ ထည့်ပြီး အမှိုက်ပုံး ရှိတဲ့နေရာ ရောက်မှသာ စွန့်ပစ်ကြမယ် ဆိုရင် နောက်ပိုင်းမှာ လမ်းပေါ်တွေမှာ လည်း အမှိုက်တွေ ကင်းစင် သွားမှာ ဖြစ်ပါမယ်။ ကိုယ့်နိုင်ငံ က တစ်ခြား ပြည်ပ တိုင်းပြည်တွေလို အမှိုက်တွေ သန့်ရှင်းတဲ့ တိုင်းပြည် ဖြစ်လာပါ လိမ့်မယ်။

တစ်ယောက်ချင်း စီတိုင်းက ကိုယ့်နိုင်ငံအပေါ် သိတတ်တဲ့ စိတ်နဲ့ သာ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်လာကြမယ် ဆိုရင် အမှိုက် ကင်းစင်တဲ့ တိုင်းပြည် ဖြစ်လာ ပါလိမ့်မယ်။ အရင်တုန်းက ဖေ့စ် ဘုတ်ပေါ်မှာ တက်ခဲ့တဲ့ ဓာတ်ပုံ လေးတွေ ရှိခဲ့တယ်လေ။ လမ်းပေါ် မှာ မြန်မာနိုင်ငံသား တစ်ယောက်က အမှိုက်ပစ်ချ လိုက်တာကို မြင်တဲ့ ကမ္ဘာလှည့် ခရီးသည် တစ်ဦးက အဲဒီ အမှိုက် ကို ပြေးကောက် ပြီးတော့ အမှိုက်ပုံး ထဲကို သွားပစ်ပေးတာ မျိုးတွေ ဖြစ်ခဲ့တယ်လေ။

အမှိုက်ပုံးရှိတဲ့နေရာရောက်မှသာစွန့်ပစ်သင့်

သွန်းဆက်လည်း ငယ်ငယ်တုန်း က ကျောင်းမှာ ဆိုရင် မုန့်တွေဘာ တွေ စားပြီးရင် အမှိုက်ကို ပစ်ချ လိုက်တာပဲ။ အဲဒီလို လုပ်ခဲ့ဖူးတယ်။ ဒါ့ပေမယ့် ကျောင်းက စည်းကမ်းကြီး တော့ အမှိုက်ပစ်တာ မြင်တာနဲ့ ကျောင်းတစ်ပတ်က ရှိသမျှ အမှိုက် တွေကို ကောက်ရတော့တာပဲ။ အဲ့ဒီ လိုနဲ့ သွန်းဆက်လည်း အမှိုက် တွေဘာတွေ ပစ်တဲ့ အကျင့်က ပျောက်လာခဲ့တယ်။ သွားဖြစ်တဲ့ နေရာတွေမှာ ဆိုရင်လည်း အမှိုက် စွန့်ပစ်ရမယ့် ကိစ္စရှိ နေမယ် ဆိုရင် အိတ်ကလေး အမြဲဆောင်သွားပါ တယ်။ သွန်းဆက်ရဲ့ ကားထဲမှာ ဆိုရင်လည်း အမှိုက် ပုံးသေးသေး လေးအမြဲ ထည့်ထားတယ်။ အဲ့ဒါကြောင့် ကိုယ့်ရဲ့အမှိုက်ကို လမ်းပေါ် မပစ်ချကြပဲနဲ့ လမ်းသွား နေလို့ အမှိုက် စွန့်ပစ် ရမယ့် ကိစ္စ တစ်ခုခုရှိလာ လိမ့်မယ်ဆိုရင် ပလတ်စတစ်အိတ် ကလေးတွေကို ဆောင် ထားပြီးပဲ ဖြစ်ဖြစ် အဲ့ဒီ အထဲမှာ အမှိုက် ကိုထည့် ပြီးမှ အမှိုက်ပုံး ရှိတဲ့ နေရာရောက် မှာ သာ စွန့်ပစ် သင့်ပါတယ်။ အဲ့လိုလုပ်တဲ့ အခါကျတော့ ကိုယ်တွေ ကိုယ် တိုင်လည်း နိုင်ငံ ကြီးသား တစ် ယောက်စိတ်ဓာတ် လည်းဖြစ်လာတာ ပေါ့။

ထက်လူ၊
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here