OPPO F3 စမတ်ဖုန်းသစ်တွင် Double View Group Selfie Camera ကို အသုံးပြုပေးထားမည်

0
139

imageမိုဘိုင်းဖုန်းကင်မရာပိုင်းတီထွင်ဆန်းသစ်မှုအပိုင်းတွင် မှတ်တိုင်ကောင်းများစိုက်ထူးလျက်ရှိသည့် OPPO အနေဖြင့် နောက် ထပ်ထုတ်ကုန်ကောင်းတစ်ခုဖြစ်သော F3 ကိုလာမည့်မေလ ၄ရက်နေ့တွင် ရန်ကုန်မြို့ရှိ Melia Yangon Hotel တွင် မိတ်ဆက်ပေးသွားမည်ဖြစ်သည်။ အသစ် မိတ်ဆက်ပေးမည့် F3 မှာ OPPO က ယခု ၂၀၁၇နှစ်ဦးပိုင်းတွင် မိတ်ဆက်ပေးထားသည့် F3 Plus ထုတ်ကုန်၏နောက်ထပ် အခွဲ version တစ်ခုဖြစ်လာမည်ဖြစ်သည်။ OPPO အနေဖြင့် ထူးခြားဆန်းသစ်သည့် Dual Selfie Camera နည်းပညာကို F3 Series ထုတ်ကုန်များတွင် စတင်မိတ်ဆက်ပေးခဲ့သည့်နည်းတူ F3 ထုတ်ကုန်သစ်တွင်လည်း ၄င်း၏နောင်တော် F3 Plus ကဲ့သို့ပင် Selfie တစ်ခေတ်ကိုနောက်ထပ်အသွင်ပုံစံသစ်ဖြင့် မှတ်တမ်းတင်သွားစေမည့် Dual Sefie Camera နည်းပညာကို လက်ဆင့်ကမ်းရယူအသုံးပြုသွားမည်ဖြစ်သည်။ F3 မှာ အရွယ်အစားအနည်းငယ်ပိုသေးသော Full HD 5.5-inch မျက်နှာ ပြင်ကိုအသုံးပြုထားမည်ဖြစ်သည်။ F3 တွင် Double View Group Selfie ပုံများကို အကောင်းဆုံးရိုက်ကူးပေးနိုင် စေခြင်းကြောင့်လက်ရှိတွင် လူကြိုက်များတောင်းဆို နေကြသည့် အဖွဲ့လိုက် Group Selfie ပုံများကို စိတ်တိုင်းကျရိုက်ကူး နိုင်စေသလို ပုံမြင်ကွင်ထက် ၂ဆပိုမိုကျယ်ဝန်း သည့်မြင်ကွင်းများကိုပါ ထည့်သွင်းရိုက်ကူးနိုင်စေမည်ဖြစ်သည်။ ထို့အပြင် F3 တွင်ပါရှိသည့် Selfie Panorama စနစ်မှာလည်း ပုံမှန်ဓာတ်ပုံ၃ပုံကို ပြီးပြည့်စုံသောမြင်ကွင်းကျယ်ပုံရိပ်တစ်ခုအဖြစ်ပြောင်း လဲရယူပေးမည်ဖြစ်သည့်အတွက် ပါတီပွဲတွင်တက်ရောက်ကြ သည့်မိတ်ဆွေသူငယ်ချင်းများအားလုံးကို ရိုက်ကူးလိုက်သည့် ဓတ်ပုံတစ်ပုံတည်းမှာပင် ပါဝင်နိုင်စေရန်ကူညီပေးသွား ဦးမည်ဖြစ်သည်။ F3 ကို ပါးလွှာပေါ့ပါးသည့်သတ္ထုကိုယ်ထည်ဖြင့်ဖန်တီးတည်ဆောက်ပေးထားခြင်းကြောင့် ငယ်ရွယ် ဖတ်ရှင်ကျ နမှုကိုပါ ပေးစွမ်းစေမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here