အေးမြတ်သူ တအား စိတ်ပင်ပန်းခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကား

0
218

AyeMyatThu“ခေါက်ထီးလေး မလုံ့တလုံ” ရုပ်ရှင်ဇာတ်ကားမှာ ယောကျာ်း တွေ အပေါ် အယုံလွယ်ရာက လမ်းမှားရောက်သွားရတဲ့ “ကြွေ” ဆိုတဲ့ မိန်းကလေး အဖြစ် သရုပ်ဆောင်ထားတဲ့ အေးမြတ်သူက ဒီဇာတ်ကား ကို ကြည့်ရတဲ့အခါမှာ ရင်ထဲမှာ  ဆို့နစ်မိတယ် လို့ ပြောပါတယ်။

“တကယ့် ရုပ်ရှင်စစ်စစ်ပါ။ ဘဝသရုပ်ဖော်နဲ့ ပညာပေး၊ ကျန်းမာရေးအသိပေးရော။ နောက်ပြီး လူတွေရဲ့ ဆင်ခြင်တုံ တရားနဲ့ အသိ ဥာဏ်ပေါ့။ ဒီဘက်ခေတ်မှာ လိုအပ် ချက်တွေ များတဲ့ အခါကျတော့ တစ်ခါတလေကျရင် ဆင်ခြင်တုံ တရားတွေ၊ စိတ် ခံစား ချက်တွေ ကို ဦးစားပေး တယ်။ အဲဒီစိတ်ခံစားမှုကို မူတည်ပြီးတော့မှ ဆင်ခြင်တုံတရားတွေကို ဆုံးဖြတ်ဖို့ အသိ ဥာဏ်နည်းပါး လာတဲ့ အခါ လမ်းမှား ရောက်သွားတာပေါ့။ အဲဒါကို အဓိကပြ ထားတာပါ” လို့ပြောပါတယ်။

ဒီဇာတ်ကားက သူ့အတွက် စိန် ခေါ်မှု တစ်ခုဖြစ်ခဲ့ပြီး “ကြွေ”ဆိုတဲ့ ဇာတ် ရုပ်မပီပြင်မှာ ကိုလည်း စိုးရိမ်တာ ကြောင့် စိတ် ပင်ပန်းမှုတွေ ရှိခဲ့ ကြောင်းကို အေးမြတ်သူက

“ဒီဇာတ်ကားက အမှတ်ရစရာ တွေ အများကြီးပါပဲ။ တအားလည်း စိတ်ပင်ပန်းရတယ်။ ဒီဇာတ်ကားရဲ့  ကာရိုက်တာက စိန်ခေါ်မှုတစ်ခု လိုပဲ။ ဒီကာရိုက်တာ ကို လုပ်နိုင် ပါ့မလား။ ပရိသတ်က ကြိုက်ပါ့ မလား။ ကြွေဖြစ်ပါ့မလား ဆိုတဲ့စိတ် တစ်ခုနဲ့ တအား စိတ်ပင်ပန်းတယ်။ ဒါပေမဲ့ ဦးပွားရဲ့ သင်ပြမှု၊ ဆရာမကြီး စမ်းစမ်းနွဲ့(သာယာဝတီ)ရဲ့  ဇာတ်လမ်းကောင်း တာတွေ၊ ပတ်ဝန်းကျင်က ကိုယ့်ကိုချစ်တဲ့ သူတွေ အားလုံး က ပံ့ပိုးကြတယ်။ အဝတ်အစား ကအစ၊ မိတ်ကပ် ဆရာဆိုလည်း မိတ်ကပ်ဆရာ အန်တီ မေသန်းပေါ့။ မျက်နှာကို ကြည့် လိုက်ရင် ပြောင်းပြောင်း သွားတယ်။ ငယ်ငယ်တုန်းက ငယ်တဲ့ပုံစံ ဒီမျက်နှာတစ်ခုတည်းပဲ ကြည့်နေရတာ မဟုတ်ဘူး။  အသက်အရွယ် အရ ဘဝ အတွေ့အကြုံ အရ ပြောင်းလဲသွားတဲ့ မျက်နှာအသွင် အပြင်တွေ ရှိတယ်။ အဲဒါ တွေအားလုံးက ပြောင်းလဲ သွား တယ်ဆိုတော့ အရာအားလုံးက အေးမြတ်သူကို ကြွေဖြစ်အောင် ကူညီပေးကြတာပါ” လို့ပြောပါတယ်။

ဟာသရုပ်ရှင် ဇာတ်ကားတွေကို ပရိသတ် အားပေးမှု များနေတဲ့ ခေတ်မှာ ဘဝသရုပ်ဖော် ဒရာမာ ဇာတ်ကားကို ပရိသတ် စိတ်ဝင်စား အား ပေးပါ့မလားလို့ စိတ်ပူမိ တယ် ဆိုတဲ့ အေးမြတ်သူက

“အခုအချိန်မှာ ဒီဇာတ်ကားကို လာကြည့်စေ ချင်တဲ့ စိတ်ဆန္ဒ တစ်ခု ပဲရှိပါတယ်။ စိတ်ပင်ပန်း ခဲ့ရတယ်။ အားလုံးရဲ့ ကြိုးစား အား ထုတ်မှုတွေ ပါတယ်။ ဒီဘက်ခေတ်မှာ ဟာသ ဇာတ်ကားတွေ ပရိသတ်တွေ ပျော်ရွှင် ရယ်မောစေတဲ့ ဇာတ်ကား တွေ ကြားထဲမှာ ဒီဇာတ်ကား က ဒရာမာ ဇာတ်ကား ဖြစ်နေတယ်။ ငိုရတယ်။ ဘဝသရုပ်ဖော် ဇာတ် ကားဖြစ်နေတော့ ပရိသတ်တွေလာ မကြည့်မှာ စိတ်ပူ တယ်။ ပရိသတ် တွေက အပျော်တွေ ကြည့်ချင် တာများတော့ ဒါလေးကို အနုပညာ  အနေနဲ့ လာပြီး ကြည့်ရှုပေးပါလို့ ဖိတ်ခေါ် ချင်ပါ တယ်”  လို့ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here