‘မျှော်နိုင်သမျှ’ အခွေအမ်တီဗီ ထွက်ချင်နေပြီဆိုတဲ့ ဖြိုးပြည့်စုံ

0
169

Phyo Pyay Sone

“မျှော်နိုင်သမျှ” တစ်ကိုယ်တော် စီးရီးခွေကို အမ်တီဗီထွက်ချင်နေပြီး၊ ပရိသတ်ကို သီချင်းအသစ်တွေပေးချင်ပြီဆိုတဲ့ ဆန္ဒတွေနဲ့သူ အနုပညာအလုပ်တွေ လုပ်နေပါတယ်လို့ အဆိုတော်ဖြိုးပြည့်စုံက ပြောပါတယ်။

” ကျွန်တော်ရဲ့ “မျှော်နိုင်သမျှ” စီးရီးခွေ အမ်တီဗီလေးထွက်ချင်ပြီလေ။ အဲဒီအတွက်ကို တာဝန်ရှိတဲ့သူတွေ၊ ပညာရှင်တွေနဲ့ တိုင်ပင်နေတယ်။ နောက်တစ်ခါ ကျွန်တော့်ရဲ့ဒုတိယ တစ်ကိုယ်တော်အယ်လ်ဘမ်အတွက်ကို သီချင်းတွေစုနေပြီ။ အမှန်တကယ်တော့ ဘာပဲပြော ပြော ဒီနှစ်ကုန်ဆိုလို့ရှိရင် “မျှော်နိုင်သမျှ”စီးရီးထွက်ထားတာ၂နှစ်ရှိသွားပြီ။ အဲဒီအတွက် ဒုတိယ တစ်ကိုယ်တော်အခွေထွက်ချင်ပြီ။ နောက်တစ်ခုက ရုပ်ရှင်ဇာတ်ဝင်သီချင်းတွေ၊ ဇာတ်လမ်း သီချင်းလေးတွေ ထွက်ထားတယ်။ အဲဒါကတော့ အနီးဆုံးဆိုလို့ရှိရင် “ရတနာပုံ” ဇာတ်လမ်းတွဲထဲက “မျှော်လင့်ချက်လေး” ဆိုတဲ့ သီချင်းပေါ့။ ဒါက ဇာတ်လမ်းတွဲထဲမှာလည်းပါသလို တစ်ဖက်ကလည်း သီချင်းတစ်ပုဒ်တည်းအနေနဲ့ Official ထွက်လိုက်တယ်။ နောက်တစ်ပုဒ်အနေနဲ့ “အလွမ်းမှတ်တိုင်” ဆိုတဲ့ သီချင်းလေးက မထွက်သေးဘူး။ ဒါပေမဲ့ ကြော်ငြာပုံစံမျိုးပေါ့။ ဒါလေးလည်းထွက်ဖို့ ရှိပါတယ်” လို့ သူကဆိုပါတယ်။

” အလွမ်းမှတ်တိုင် ” က ကြော်ငြာအနေနဲ့တင်တဲ့အခါ ဖြိုးပြည့်စုံရဲ့အသံကို ပရိသတ်တွေကြိုက် ကြတယ်နော်။ သူ့ကိုလည်း Free အနေနဲ့ တင်ပေးမှာလားဆိုတော့…

” ဒီသီချင်းလေးက Free ဖြစ်ဖို့များတယ်။ ဘာကြောင့်လဲဆိုတော့ MNTV မှာ ပြနေတဲ့ “ရတနာပုံ” ဇာတ်လမ်းတွဲထဲက ဇာတ်ဝင်တေးဆိုတော့လေ။ ဒီအတွက်ဖန်တီးထားတာဖြစ်တဲ့အတွက် Free အနေနဲ့ အွန်လိုင်းမှာ တင်ပေးသွားမယ်။ သီချင်းတစ်ပုဒ်ကို ပရိသတ်ဆီရောက်လို့ ပရိသတ်က ကြိုက်တယ်။ မျှဝေပေးကြတယ်ဆိုလို့ရှိရင် ပရိုဂျူဆာတွေအတွက်ရော၊ ကျွန်တော်တို့ အဆိုတော်တွေအတွက်ရော သီချင်းတစ်ပုဒ်ထပ်တိုးတာပေါ့။ ထပ်တိုးတယ်ဆိုတာ ပရိသတ် တွေအတွက် ထပ်ပေးနိုင်တာပေါ့။ အဲဒီမျှော်လင့်ချက်လေးတွေနဲ့ပဲ သီချင်းလေးတွေ မျှဝေတာပါ” လို့ ဖြိုးပြည့်စုံက ပြောပြခဲ့ပါတယ။်

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here