လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်ကို သားစိုးဘာတွေ အကူအညီတောင်းထားသလဲ

0
211

Thar Soe

သားစိုးကအခုလတ်တလောမှာတော့ ဂျပန်နိုင်ငံမှာဖြန့်ချိမယ့်စီးရီးအတွက် စီစဉ်နေပါတယ်။ ၂ဝ၁၆ခုနှစ်နှစ် ကုန်ပိုင်းလောက်မှာ ထွက်ရှိဖို့အတွက် မှန်းထားပေမယ့် စိတ်တိုင်း မကျလို့ပြန်လုပ်ချင်တာကြောင့် မထွက်ဖြစ်ရခြင်းဖြစ်ကြောင်း သားစိုးက ပြောပါတယ်။

” ဂျပန်ကိုကျွန်တော်ကိုယ်တိုင်သွားပြီး ဖြန့်ချိမှာပါ။ မြန်မာနိုင်ငံမှာတော့ အွန်လိုင်းကနေပဲ နားထောင်လို့ကောင်းပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဓါတ်ပြားနဲ့ပဲ ထွက် မှာဖြစ်လို့ပါ။ ဓါတ်ပြားနဲ့ဆိုတော့ ကျွန်တော့် အတွက်လည်းအမှတ်တရ ဖြစ်တာပေါ့။ သူတို့တွေကတော့ iTune မှာ ရောင်းမယ်လို့ ပြောပါတယ်။ အဲဒီ Record Company ကပဲလုပ်ပေးမယ်လို့ ပြောတယ်။ အဲဒီအချိန်ကျရင် ဒီအကြောင်းနဲ့ပတ်သက်လို့ ဒါကို သတင်းစာရှင်းလင်းပွဲလုပ်မှာပါ။ ဘယ်လိုဝယ်ပြီး ဘယ်လိုနားထောင်လို့ရမလဲဆိုတာ မျိုးတွေပေါ့” လို့ဂျပန်မှာဖြန့်မယ့်အခွေနဲ့ ပတ်သက်လို့ သားစိုးကပြောပါတယ်။

သားစိုးရဲ့အခွေထဲကို ဂျပန်နိုင်ငံက တချို့ဆိုင်တွေမှာ ရောင်းချနေတာ တွေရှိနေပြီဖြစ်ပြီး သူ့အနေနဲ့လည်း နောက်ပိုင်းမှာလည်း ဂျပန်ဈေးကွက်မှာပိုမိုဝင်ရောက် နိုင် ဖို့ကြိုးစားသွားမှာဖြစ်ကြောင်း၊ မြန်မာပြည် မှာတော့ ကြိုးစားသလောက်က အရာမထင်တာများပြီး ခိုးကူးတွေပဲရောင်းနေရတဲ့ အတွက် ဂီတသမားတွေအနေနဲ့ အခုအချိန် အထိကိုဒုက္ခတွေရောက်နေတုန်းပဲဖြစ် ကြောင်း၊ ဒါကြောင့်လည်း သူငယ်ချင်းဖြစ်တဲ့ လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်ကို မူ ပိုင်ခွင့်နဲ့ပတ်သက်ပြီး ဂီတသမားတွေကို တစ်ချက်လောက်တော့ ငဲ့ကြည့်ကြပါဦးလို့ အကူ အညီတောင်းထားကြောင်း ပြောပြပါတယ်။ သားစိုးက တစ်နှစ်သုံး မီဒီယာကိုတည်ထောင်ထားပြီး ဒီမီဒီယာကနေ ရုပ်ရှင်ဇာတ်ကားကြီး နှစ်ကားရိုက်ကူးနေပြီဖြစ်ပြီး ၂ဝ၁၇ခုနှစ်နဲ့ ၂ဝ၁၈ ခုနှစ်မှာဖြန့်ချိမယ့် ရုပ်ရှင်ကားကြီး ၄ကားအတွက်လည်း ရုပ်ရှင်ဇာတ် ဝင်တေးများ ရေးသားနေပြီး တခြားလာအပ်ထားတာတွေလည်း အများကြီးရှိနေကြောင်းလည်း သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here