Documentary ဒါရိုက်တာတွေ နိုင်ငံတကာမှာ ဆုတွေ ရရှိခဲ့ပေမယ့် မြန်မာနိုင်ငံ မှာတော့ အသိအမှတ် ပြုခြင်း ဘာမှမရှိကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင် ပြော

0
88

Kyi-Phyu-Shinမြန်မာနိုင်ငံက Documentary ဇာတ်ကား တော်တော်များများက နိုင်ငံတ ကာမှာ အောင်မြင်နေလျက် ရှိပြီး ပြိုင်ပွဲတွေ မှာလည်း ဆုတွေ ဆွတ်ခူး ရရှိကြတာတွေ အများကြီး ရှိပေမယ့် မြန်မာနိုင်ငံက အသိအမှတ်ပြုခြင်း ဆိုတာ ဘာမှမရှိကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင်က သူ့ရဲ့အမြင်ကို ပြောပါတယ်။ ဒါကြောင့်လည်း ပြန်ကြား ရေးဝန်ကြီးဌာန အနေနဲ့ တစ်နှစ်အတွင်း နိုင်ငံတကာမှာ ဆုဆွတ်ခူး ရရှိခဲ့တဲ့ မြန် မာ နိုင်ငံ က Documentary ဒါရိုက်တာတွေကို ဂုဏ်ပြုပွဲတွေ လုပ်ပေးသင့်သလို ဂုဏ်ပြုမှတ်တမ်း တစ်ခုခုပေးသင့်ကြောင်း သူက ဆက်ပြောပါတယ်။

“အစ်မအနေနဲ့ ကိုယ်ချင်းစာတယ်။ အစ်မဆိုလည်း အမေရိကမှာ Documentary နဲ့ ဆုရခဲ့တယ်။ အဲဒီခေတ်ကာလတုန်းက ဆိုရင်လည်း အသိအမှတ် မပြုတဲ့အပြင်ကို မီဒီယာတွေမှာ ပါလာတာကိုတောင် ပြန်အပိတ် ခံရတယ်။ နိုင်ငံခြား မှာဆုရလို့ ဘယ်လောက်ပျော်ပျော် ကိုယ့်မြန်မာပြည်မှာ အသိအမှတ်ပြု ခံရတာကို ပိုပြီးတော့မက်မောတယ်။ ပြီးတော့ နိုင်ငံတကာမှာ ငါတို့မြန်မာပြည်က လူငယ်တွေ က အောင်မြင်နေ တယ် ဆိုတာကိုလည်း နိုင်ငံတော်ကနေ အသိအမှတ် ပြုပေးစေချင် သလို မီဒီယာတွေ မှာလည်း ကျယ်ကျယ်ပြန့်ပြန့် ပါစေချင်တယ်။ ဒါမှလည်း ပြည်သူတွေက သိမယ်” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။

ဒါရိုက်တာ ကြည်ဖြူသျှင်က ဂျပန်နိုင်ငံကို ရောက်ရှိခဲ့စဉ်ကလည်း Documentary  နဲ့ပတ်သက်လို့  ဆွေးနွေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံ အနေနဲ့ မြို့တိုင်းမှာ ရုပ်ရှင်ရုံတွေ ရှိပြီး ရုံအကျယ်အဝန်း ကတော့ မြန်မာ နိုင်ငံက ရုပ်ရှင်ရုံတွေရဲ့ အကျယ်အဝန်း နဲ့ အတူတူပဲဖြစ်ပြီး ရုပ်ရှင်ရုံတွေ အနေ နဲ့ကတော့ Mini Theater  တွေပဲများကြောင်း၊ ဒါ့အပြင် ဂျပန်နိုင်ငံရဲ့ ပြည်တွင်း ရုပ်ရှင် ဈေးကွက် အနေထားအရ ခိုင်မာမှု ရှိနေတဲ့အတွက် ရုပ်ရှင် ထုတ်လုပ်ရေး တွေ အနေနဲ့ ပြည်ပဈေးကွက်ကို ထိုးဖောက်ခြင်း သိပ်မရှိတော့ တာ ဖြစ်ကြောင်း လည်း သူလေ့လာခဲ့ရမှုကို ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here