မိုင်းနှင့်မှုးယစ်ဆေးဝါးရှာဖွေခြင်း သင်တန်းဆင်းလုံခြုံရေးခွေးများ ကူညီထောက်ပံ့ရေးပရဟိတ အဖွဲ့ဖွဲ့စည်းမည်

0
113

Dog

For BRAVE DOG (မိုင်းနှင့် မှုးယစ်ဆေးဝါးရှာဖွေခြင်း သင်တန်းဆင်းလုံခြုံရေးခွေးများကူညီ ထောက်ပံ့ရေးပရဟိတအဖွဲ့) ဖွဲ့စည်း ခြင်း မီဒီယာ ရှင်းလင်းပွဲကို မေလ ၁၅ရက်နေ့ ပြုလုပ်မှာဖြစ်ပါတယ်။အဖွဲ့ရဲ့ ရည်ရွယ် ချက်ကတော့မိုင်းနဲ့မှုးယစ်ဆေးဝါးရှာဖွေခြင်း သင်တန်းဆင်း လုံခြုံရေးခွေးများ လှုဒါန်းလိုတဲ့ ပြည်သူ များရဲ့ဆန္ဒ ကိုဖြည့်ဆည်းပေး နိုင်ဖို့နဲ့ လိုအပ်သောပံ့ပိုးမှုများကို တတ်အားသရွေ့ကူညီပေးနိုင်ဖို့ အတွက်ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးဖို့ပဲ ဖြစ်တယ်လို့ သိရပါတယ်။

အဖွဲ့ရဲ့လုပ်ငန်းစဉ်အနေနဲ့ ခွေးကိုင်စစ်သည်တစ်ဦးလျှင် လစဉ်တစ်လကို ထောက်ပံ့ကြေးသုံးသောင်း ပေးအပ်သွားမှာဖြစ်ပြီး ဒါကတော့ ခွေးအတွက်လိုအပ်တာဖြည့်ဆည်း ပေးဖို့အတွက်ဖြစ်သလိုကာကွယ် ဆေးထိုးချိန်မှာလည်း ကာကွယ်ဆေး ဖိုးကိုထပ်မံလှုဒါန်းသွားမှာဖြစ်ပြီး ရန်ကုန်မှာတော့အဖွဲ့မှသွား ရောက် လှုဒါန်းသွားမှာဖြစ်ကာ နယ်တွေမှာ တော့ အဖွဲ့ရဲ့ကိုယ်စား အဖွဲ့ဝင်တစ်ဦးမှသွားရောက်လှုဒါန်းသွားမှာဖြစ်ရာ သွားရောက် လှုဒါန်း တဲ့အခါမှာ လည်းခွေးလေးတွေရဲ့ အခြေအနေ ကိုကြည့်ရှုပြီး လိုအပ်တာ ရှိရင်ထပ်မံ လှုဒါန်းသွားဦးမှာဖြစ်ကြောင်း အဖွဲ့ ရဲ့တည်ထောင်သူဖြစ်တဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်ကပြောပါတယ်။

” ဒီအဖွဲ့ကိုတည်ထောင်ဖို့စိတ်ကူးကတော့ တပ်ကြပ်ကြီးမိုက်ကယ် ကြီးဆုံးသွားတဲ့ အချိန်မှာစပြီးစိတ်ကူးရတာပါ။ မိုက်ကယ်ကြီးနေမကောင်းဘူးလို့သိတဲ့အချိန်မှာ သင်္ကြန်ပြီးရင် တော့မိုက်ကယ် ကြီးကိုသွားကြည့်မယ်ပေါ့။ ဒါပေမယ့် ကိုယ်သွားမကြည့် လိုက်နိုင်ခင်မှာပဲ မိုက်ကယ်ကြီးက ဆုံးသွားတယ်။မြေချတဲ့အခမ်းအနား ကိုသွားတဲ့အခါမှာ မိုက်ကယ်ကြီးရဲ့ သခင်ကိုအောင်ဖိုက်နဲ့ပါ ရင်းနှီး မှုရခဲ့ရင်း သူတို့ရဲ့အခြေအနေကိုမေး မြန်းဖြစ်ခဲ့တယ်။ အစ်မတို့ ကိုယ်တိုင်ကလည်း ခွေးချစ်တဲ့သူတွေဆိုတော့ လမ်းဘေးခွေးလေးတွေတောင်မှပဲ ကိုယ်တွေက မေတ္တာနဲ့ ကူညီပေးသေး တာပဲ။ကိုယ့်တိုင်းပြည်အတွက် တကယ်ကိုတာဝန် ထမ်း ဆောင်နေ ရတဲ့အရမ်း လိမ်မာတဲ့ ဒီခွေးလေးတွေ အတွက် လည်းအစ်မ တို့တတ်အား သရွေ့လုပ်ပေးချင်တယ်။ ပြီးတော့ ဒီလိုခွေးတွေဆို တော့သာမာန်ခွေး တွေမဟုတ်ဘူး။ ညဏ်လည်း ထက်မြတ်ရတယ်။ လိမ်လည်းလိမ်မာ ရတယ်။ အဲဒီလိုခွေးများကို ရွေးပြီး သင်တန်းပေးရတယ်။

ခွေးချင်းတူတာတောင်မှ လိမ္မာသောအမိန့်နာခံနိုင်စွမ်းရှိသော ခွေးလေးတွေပေါ့။ တရိစ္ဆာန်ဆိုပေမယ့်လည်း ပြည်သူပြည်သားအတွက်အကျိုးပြုတဲ့ တရိစ္ဆာန်လေး တွေကိုတတ်အားသရွေ့ကူညီပေးချင်တဲ့ ဆန္ဒတွေကြောင့် ဒီအဖွဲ့လေးကိုဖွဲ့ဖြစ်တာပါ” လို့ဒါရိုက်တာ ကြည် ဖြူသျှင်ကပြောပါတယ်။

For BRAVE DOG အဖွဲ့ကို တော့ အဖွဲ့တည်ထောင်သူဒါရိုက်တာ ကြည်ဖြူသျှင်အပါအဝင်အဖွဲ့ဝင်၆ ဦးနဲ့ဖွဲ့စည်းထားပြီး ရုံးခန်းအနေ နဲ့
ကတော့ကျောက်တံတားမြို့နယ်၊ ၃၅လမ်း (အလယ်)မှာဖွင့်လှစ်ထားရှိ မှာဖြစ်ကာ Facebook Page ကိုလည်းဖွင့်လှစ်သွားမှာဖြစ်ပြီး အဆိုပါ Page မှ အလှုရှင်စရင်း များကို တရားဝင်တင်ပြထားမှာဖြစ်ပြီး လတစ်လကုန်ဆုံးတာနဲ့ လစဉ်အသုံး စာရိတ်များကိုလည်း တင်ပြသွားမှာဖြစ်သလိုလာရောက် လှူဒါန်းခွေလေးတွေက ဘယ်အရပ် ဒေသမှာရှိတဲ့ ခွေးလေး တွေဖြစ်တယ်ဆိုတာကို လည်း ဖော်ပြသွား မှာဖြစ်ကြောင်းလည်း သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here