လောကမှာ ပိုက်ဆံ ရှိဖို့ မရှိဖို့ထက် ကိုယ်ချင်းစာတရား၊ မေတ္တာတရား ရှိဖို့ လိုအပ်တယ် ဆိုတာကို ပြသမယ့် ‘တစ်လုံးချိုင့်’ ရုပ်ရှင်ဇာတ်ကား

0
261

1-Lone-Gyintဒါရိုက်တာ သားညီက “တစ်လုံး ချိုင့်” ရုပ်ရှင် ဇာတ်ကားကို ရန်ကုန်မြို့ မှာ မေလ ၅ ရက်နေ့က စတင်ရိုက် ကူးနေပြီး ဈေးထဲမှာ ကြက်သား ရောင်းတဲ့ ကြက်သားသည် အိချော ပိုနဲ့ ရပ်ကွက်ထဲက သူဋ္ဌေး၊ ကျောင်း ဆရာ၊ အဆိုတော်၊ လူမိုက် တို့ရဲ့ အချစ် ဇာတ်လမ်းကို ပုံဖော် ရိုက်ကူး နေတာ ဖြစ်ပါတယ်။ ဒီဇာတ် ကားမှာ တော့ မင်းသမီး အိချောပိုကို မြင်တွေ့ နေကျမဟုတ်တဲ့ ပုံစံမျိုးနဲ့ ပရိသတ် တွေမြင် တွေ့ကြရမှာပါ။ ကြက်သား သည်မှာမှ ဆတ်ဆတ်ထိ မခံတဲ့ ကြက်သားသည်မျိုး မဟုတ်ဘဲ သွေး အေးအေးနဲ့ ရက်စက်တတ်တဲ့ မိန်းမ တစ်ယောက် အဖြစ်နဲ့ မြင်တွေ့ ရမယ် လို့ ဒါရိုက်တာ သားညီက ဆို ပါ တယ်။ ဒီ “တစ်လုံးချိုင့်” ရုပ်ရှင်ဇာတ် ကားနဲ့ ပတ်သက်ပြီး ဒါရိုက်တာ သားညီက

“တစ်လုံးချိုင့် ဆိုတာ ရပ်ကွက် ထဲက စကားပေါ့။ အဆင့်မရှိဘူးပေါ့။ ဒါပေမဲ့ အဆင့်ရှိတယ် မရှိဘူး ဆိုတာ ဘာနဲ့ ဆုံးဖြတ် မှာလဲ။ ငွေနောက်ကို ငန်းငန်းတက် လိုက်နေတဲ့လူတွေမှာ မရှိတဲ့ မေတ္တာ တရားတွေ၊ စာနာမှု တွေ သနား ကြင်နာမှုတွေက အဆင့် မရှိဘူးလို့ သတ်မှတ် ထားတဲ့ အခြေခံ လူတန်းစားတွေမှာ ပိုများတယ်။ သူတို့ဘဝတွေက တစ်ယောက်နဲ့ တစ်ယောက် ရင်ဘတ်ချင်း ပိုနီး ကြတယ်။ ကျွန်တော် အဓိက ပြော ချင်တာက အဲဒါပါပဲ။ အဓိကက လောကမှာ ပိုက်ဆံ ရှိဖို့မရှိဖို့ထက် ကိုယ်ချင်းစာ တရား၊ မေတ္တာတရား ရှိဖို့ လိုအပ်တယ် ဆိုတဲ့ မက်ဆေ့ခ်ျ ကိုပေးချင်တာပါ” လို့ပြောပါတယ်။ ဒီဇာတ်ကား ကန်တော့ပွဲကိုတော့ မေလ ၄ ရက်နေ့ မနက် ၇နာရီက ရွှေတိဂုံ ဘုရားအောင်မြေမှာ ပြုလုပ် ခဲ့ပါတယ်။ ဒီဇာတ်ကားကို Ever Top  ထုတ်လုပ်ရေးက စီစဉ်ပြီး မင်းမော်ကွန်း၊ ထွန်းထွန်း၊ စည်ဖြိုး၊ နေရဲနှင့် သရုပ်ဆောင် များစွာ ပါဝင် သရုပ်ဆောင် မှာဖြစ်ကြောင်း သိရပါတယ်။

P060
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here