အရင်ကတည်းက ခုထိမိဘက နံပါတ်တစ်ပါပဲ မီမီဝင်းဖေ

0
246

meimei

တေးရေးစိုင်းခမ်းလိတ် ရေးစပ်ထားတဲ့ သီချင်းတွေကို တေးစီးရီးအခွေအနေနဲ့ စီစဉ်နေတယ်လို့ တေးသံရှင် မီမီဝင်းဖေက ပြောပါတယ်။ ” လုပ်တာတစ်နှစ်လောက်တော့ ရှိသွားပါပြီ။ ဆရာ စိုင်းခမ်းလိတ် တစ်ကိုယ်တော် ရေးပြီးတော့ ကိုဘိုဖြူနဲ့ မမီနဲ့အတွဲခွေပေါ့။ အခုလုပ်နေပါတယ်။ Iron Cross က လည်း အလုပ်ရှုပ်တော့ နည်းနည်းလေးကြာနေတယ်။ ဒါပေမဲ့ မမီတို့ အဆိုပိုင်းကိုရောက်နေပါပြီ။ ဒီနှစ်ထဲ ပြီးသွားပါပြီ” လို့ သူမက ဆိုပါတယ်။

ဖခင်ဖြစ်သူ ဦးဝင်းဖေနဲ့လည်း လက်ရှိအချိန်မှာ အနီးစပ်ဆုံးသမီးတစ်ယောက်အနေနဲ့ အတူရှိနေတဲ့ မီမီဝင်းဖေကို မိဘနဲ့သားသမီးကြား သံယောဇဉ်တွေအကြောင်း မေးဖြစ်တဲ့အခါ ..

” မမီတို့မောင်နှမတွေထဲမှာ အားလုံးကတော့ မမီကလွဲလို့ အကုန်အိမ်ထောင်ကျပြီးတော့ သီးခြားတွေ ရပ်တည်နေကြပြီ။ မမီကတော့ လူလွတ်လည်းဖြစ်တယ်။ နောက် တစ်ခုက တော်တော်ငယ်ငယ်ကတည်းက မိဘက နံပါတ်တစ် ဖြစ်နေတတ်တယ်။ ဘဝက အပြောင်းအလဲသိပ်မရှိဘူး။ အရင်ကတည်းက မိဘက နံပါတ်တစ် ဖြစ်နေတဲ့အခါကျတော့ အခုက ပိုပြီးတော့ ဖြစ်သွားပြန်ပြီပေါ့နော်။ အခုဆို မိဘ၂ ပါးစလုံးက အသက် ၈ဝ ကျော်သွားပြီ။ ဖေဖေနဲ့ကျတော့ မမီကတစ်ဦး တည်းသော သမီးလည်းဖြစ်တယ်။ အဖေနဲ့သမီးက တခြား သားတွေ ထက်ပိုပြီး ခင်တွယ်တတ်တယ်။ အဲဒါကြောင့်ပါ။ နောက်တစ်ခုက နှစ်ယောက်စလုံးက အနုပညာတအား ဝါသနာပါတယ်။ ကိုယ့်ရဲ့ အသက် မွေးဝမ်းကြောင်းအဖြစ်လည်း ရပ်တည်နေတဲ့အခါကျတော့ ပြောစရာတွေ ပိုများတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here