ရုပ်ရှင်ရိုက်ကူးတော့မယ့် Myanmar Idol က ဇင်ကြီး

0
157

ZinGyeeeeeee

Myanmar Idol Season – 2 ရဲ့ Finalist ဇင်ကြီးက အနုပညာခြေလှမ်းသစ်တစ်ခုအဖြစ် သရုပ်ဆောင်ပိုင်းကို စတင်လုပ်ကိုင်တော့မှာ ဖြစ်ပါ တယ်။ ဝါရင့်သရုပ်ဆောင်များဖြစ်ကြတဲ့ ဝေဠုကျော်၊ သူထူးစံတို့နှင့်အတူ “မကြာမီမျှော်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ဦးမယ်လို့ သိရပါ တယ်။ ဒီဇာတ်ကားကြီးမှာ ပါဝင်ဖြစ်ပုံကို ဇင်ကြီးက ” ကျွန်တော့်ကို Idol ကနေပြီး တာဝန် ရှိသူတွေက တစ်ဆင့်ကမ်းလှမ်းတာပါ။ ဒါကြောင့် လက်ခံဖြစ်သွားတယ်။ ဒီလိုကမ်းလှမ်းခြင်းခံရတဲ့အတွက် ကျွန်တော့်ဘက်ကလည်း လုပ်ကြည့်ချင်တယ်။ စိတ်လည်းဝင်စားမိပါတယ်။ ကျွန်တော်က သရုပ် ဆောင်တစ်ယောက်မဟုတ်သေးတဲ့အတွက် ဒီဘက်က သဘောတရားတွေကို အများကြီးတော့ နားမလည်သေးပါဘူး။ ဒါကြောင့် လေ့လာမှုတွေအများကြီး လုပ်နေတယ်။ ကိုယ်လုပ်ကိုင်ရမယ့် အလုပ်အပေါ်မှာလည်း စိတ်နှစ်ထားတယ်။ သင်ကြားပြသမှုတွေအောက်မှာ ကြိုးစားသွားမှာပါ” လို့ ပြောပါတယ်။

” ဇင်ကြီးက သရုပ်ဆောင်အလုပ်တွေလည်း ပြုလုပ်နေပြီဖြစ်တဲ့အတွက် ဂီတပိုင်းလှုပ်ရှားမှု တွေမှာ အားလျော့သွားနိုင်မလားဆိုတာ ဆက်မေးကြည့်တော့ “ကျွန်တော့်အနေနဲ့ကတော့ ဂီတဘက်မှာ အားလျော့သွားတာမျိုး မရှိနိုင်ပါဘူး။ ပရိသတ်တွေကလည်း သီချင်းဆိုတဲ့ ဇင်ကြီး ဆိုပြီး သိထားကြတယ်။ သရုပ်ဆောင်လုပ်လို့လည်း ဂီတဘက်မှာ လျော့သွားတာမျိုး မရှိဘူး။ ဒါကလည်း ကျွန်တော့်အတွက် ပထမဆုံးခြေလှမ်းဖြစ်တယ်။ ဒါကြောင့် ကျွန်တော်ကြိုးစားမယ်။ ဂီတကလည်း ကျွန်တော်လုပ်နေကျ၊ စခဲ့တဲ့ လမ်းဖြစ်တဲ့အတွက် အကောင်းဆုံးဖြစ်အောင် လုပ်နေမှာပါ” လို့ ဇင်ကြီးက ပြောပြခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here