ဆိုင်ခန်းဖွင့်လှစ် ရောင်းချပြီဖြစ်တဲ့ အိမ့်ချစ် ရဲ့ Emily Brand

0
157

Eain-Chit-1အဆိုတော်မလေး အိမ့်ချစ်က သူမရဲ့ Emily Clothing Brand ကို အရင်က Online Shop အဖြစ် ထုတ်လုပ် ဖြန့်ချိခဲ့ရာမှ ယခုမေလ  ၄  ရက်နေ့မှာတော့ တာမွေ၊ ဦးချစ် မောင်လမ်းမပေါ်မှာ အစ်ကို ဖြစ်သူ ရဲ့ Mobile Phone ဆိုင်နဲ့အတူ တွဲဖက်ပြီး Emily  ဆိုင်အဖြစ် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီဆိုင် မှာတော့ အိမ့်ချစ်ရဲ့ Emily  Brand အသုံးအဆောင် အဝတ်အ ထည်များ ကို ရရှိနိုင်မှာဖြစ်ပြီး လူကိုယ်တိုင် လာရောက် ကြည့်ရှု ဝယ်ယူလို သူများအတွက် အဆင်ပြေစေနိုင်မှာပါ လို့  အိမ့်ချစ်က ပြောပါတယ်။

“ဒီဆိုင်လေးက ညီမနဲ့ ညီမ အစ်ကိုတို့ ၂ယောက် ပေါင်းပြီး  အစ်ကိုရဲ့ ဖုန်းဆိုင်မှာ ညီမက ရှယ်ယာဝင်တယ်။ အစ်ကိုက Telecom နဲ့ ပတ်သက်တဲ့ လုပ်ငန်း တွေလည်း လုပ်တယ်။ ဖုန်းဆိုင်လည်း တွေလည်းဖွင့်တယ်။ ညီမက တော့ ဖုန်းနဲ့ ပတ်သက်တာ သိပ်နားမလည်ပါဘူး။ ရှယ် ယာဝင်တဲ့ သဘောပါ။ ဆိုင်ရဲ့အပေါ်ထပ်မှာက နေရာ လေးလည်း ရှိတော့ ညီမရဲ့ Emily By Eaint Chit  ကို Online Shop အနေနဲ့ပဲ လုပ်ခဲ့တော့ တချို့ပရိသတ် တွေကလည်း ကိုယ် တိုင် လာကြည့်ချင်တယ်။ ကိုယ်တိုင် လာဝယ်ချင်တာ ဖြစ်တဲ့ အတွက် ဆိုင်လေး ဖွင့်လိုက်လှစ်တာ ပါ။ အားလုံးအတွက် အဆင်ပြေအောင် စီစဉ်လိုက်တဲ့ သဘော ပါ။ အခု ဆိုင်ဖွင့်တဲ့ ရက် ၄ ရက်နေ့က စပြီး ၇ ရက်နေ့ အထိကို လာရောက် ဝယ်ယူသူတိုင်း အတွက်ကိုလည်း ၅ဝ %  လျှောပေးသွားဖို့  စီစဉ်ထားပါတယ်” လို့ အိမ့်ချစ်က ပြောပါတယ်။

အိမ့်ချစ်ရဲ့ Emily  ဆိုင်မှာတော့ အိမ့်ချစ် ကိုယ်တိုင် ရေးဆွဲထားတဲ့  အဝတ်အစား ဒီဇိုင်းများကို ရရှိနိုင်မှာ ဖြစ်ပြီး ၃ လတစ်ကြိမ် ဒီဇိုင်းသစ် များလည်း ဖန်တီး ထုတ်လုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here