သန်းငါးဆယ် ရှိတဲ့ လူဦးရေမှာ ၅ဝ ရာခိုင်နှုန်းက ရုပ်ရှင်ကြည့်ရဲ့လား ဆိုတာ သံသယ ရှိပါတယ် လူမင်း

0
322

Lu-Min မြန်မာ့ရုပ်ရှင် လောက ဖွံ့ဖြိုးတိုး တက်ရေး အစည်းအဝေးမှာ မြန်မာ နိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌဦးလူ မင်းက ရုပ်ရှင်လောက သားများ ဇာတ် ကား ရိုက်ကူးတဲ့အခါ ဖြတ်တောက်ခံနေရတဲ့ ဆင်ဆာတွေနဲ့ ပတ်သက်လို့ သူ့အမြင်ကို အခုလိုပြောပြခဲ့ပါတယ်။

“ကျွန်တော်တို့ လောကသားတွေမှာလည်း လူအမျိုးမျိုး၊ စိတ်အ ထွေထေ ရှိပါတယ်။ ရိုက်ကူးတဲ့ နေရာမှာလည်း တကယ့် ကျကျနနနဲ့ ရိုက် ကူးထုတ် လုပ်နိုင်တဲ့သူတွေ ရှိသလို အဖြစ်ရိုက်ကူး ထုတ်လုပ်တဲ့သူတွေ လည်း ရှိပါတယ်။ စဉ်းစားစရာ တစ်ချက်က ကျွန်တော်တို့ ရုပ်ရှင်အနု ပညာလောကသားတွေ အနေနဲ့ ပရိသတ် ဘယ်နှရာခိုင်နှုန်းရှိသလဲ ဆိုတာ ကျွန်တော်တို့တွက်ချက်ရ အင်မတန် ခက်ပါတယ်။ ကျွန်တော့် အထင်ပြောရရင် မြန်မာပြည်မှာ နောက်ဆုံး သန်းခေါင်စာရင်းအရ သန်း ၅ဝရှိတဲ့ လူဦးရေမှာ ကျွန်တော်တို့ကို ၅ဝ ရာခိုင်နှုန်းက ကြည့်ရဲ့ လားဆိုတာ ကျွန်တော်တို့မှာ သံသယရှိပါတယ်။ အဲဒီတော့ဖြတ် တောက်တယ် ဆိုတဲ့နေရာ မှာ လည်း လှေ နံဓားထစ် ဆိုတဲ့ ပုံစံမျိုးပေါ့။ ဆိုးတဲ့သူ တစ်ယောက်က ဆိုးတာကို ဖန်တီးလို့ တစ်လောကသားလုံး ဒီအချက်ကို လိုက်နာပေး ဆိုတာမျိုးကလည်း ဒါဟာ မျှတမှု မရှိဘူးလို့ ကျွန်တော့်အနေနဲ့ တင်ပြချင်ပါတယ်။ နောက်တစ်ခုက ဇာတ်ကား ထဲမှာ “စောက်” ပြောစကားတွေ ပါတယ် ဆိုတဲ့နေရာမှာလည်း ကျွန်တော် တို့ကို ကာရိုက်တာအရ ခွင့်ပြုသင့်ရင် ခွင့်ပြုတာမျိုးကို ကျွန်တော် က ကြိုက်ပါတယ်။ တချို့ အရက်မူးသမား၊ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ဟာမျိုးတွေပေါ့။ ထွက် သွားတဲ့ ဟာမျိုးတွေကို လျှော့ပေါ့ပြီးတော့ ခွင့်ပြုတာမျိုးကို ကျွန် တော်တို့က ဖြစ်စေချင်ပါတယ်” လို့ သိရှိရပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here