ဆင်ဆာ အဖွဲ့ဆိုတာ အများပြည်သူကို ရုံတင် ပြသဖို့အတွက် လက်မှတ် ထုတ်ပေးတဲ့ အဖွဲ့ ဖြစ်တယ် ဒေါ်ဆွေဇင်ထိုက်

0
174

Shwe-Sin-Htikeဧပြီ ၂၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနရဲ့ မြန်မာ့ ရုပ်ရှင် လောက ဖွံ့ဖြိုး တိုးတက်ရေး အစည်း ဝေးမှာ ဆင်ဆာအဖွဲ့ အဖွဲ့ဝင် ဒေါ်ဆွေဇင်ထိုက်က နိုင်ငံတိုင်း၊ နိုင်ငံတိုင်းမှာ ရုပ်ရှင် ဆင်ဆာ အဖွဲ့ဆိုတာရှိကြသလို လက်ရှိဆင်ဆာ အဖွဲ့အနေနဲ့ ဇာတ်ကား တွေကို ဘယ်လိုပုံ စံနဲ့ဖြတ် တောက်နေကြသလဲ ဆိုတာ အခုလို ပြောပါတယ်။

“အခုဟာက ဆင်ဆာက ကြည့်ပေးနေတာ General Audience ကို ကြည့်ပေးနေတာ။ General Audience ကြည့်တဲ့နေရာမှာ ကျွန်မတို့က တစ်ခုတည်းသော လက်ကိုင်ထား တာကတော့ ဟောဒီကနေ ထွက်သွားတဲ့ ဇာတ်ကားတွေဟာ ပရိသတ် အတွက် အဆိပ်အတောက် မဖြစ်စေဖို့ဆိုတဲ့ စိတ် တစ်ခုတည်းပဲ လုပ်ပေးရတာဖြစ်ပါတယ်” လို့ သူမက ဆိုပါတယ်။ ဆက် လက်ပြီး ဒေါ်ဆွေဇင်ထိုက် က ဇာတ်ကား အဆင့်အတန်း ကိုသာ သတ်မှတ် ပေးလိုက်ပါက မိမိနှစ်သက်ရာကို ရိုက်ကူးနိုင်ကြောင်း ကိုလည်း အခုလို ပြောပါတယ်။

“ဆင်ဆာ အဖွဲ့ဆိုတာ တကယ်တော့ အများပြည်သူ ကို ရုံတင်ပြသဖို့ အတွက် လက် မှတ် ထုတ်ပေးတဲ့အဖွဲ့ ဖြစ်တယ်။ ဒီလက်မှတ် ထုတ်ပေးတော့မှ နိုင်ငံတွင်း မှာလည်း ရုံတင်ပြသလို့ ရတယ်။ နိုင်ငံတွင်းမှာလည်း ဗီဒီယို ဖြန့်ချိလို့ရတယ်။ နိုင်ငံပြင်ပမှာလည်း ရုံတင်ပြသ လို့ရတယ်။ ရုပ်ရှင်ပွဲ တော်မှာလည်း ရုံတင်ပြသလို့ရတယ်။ အဲဒီလက်မှတ်က မရှိမဖြစ် ထုတ်ပေးရတယ်။ ဒါကြောင့်မို့ ဒီလက်မှတ် ထုတ် ပေးရတဲ့အဖွဲ့အနေနဲ့ အဆင့်အတန်းကိုသာ သတ်မှတ် ပေးလိုက်မယ် ဆိုရင် စစ်ကားကြိုက်တဲ့ သူက စစ်ကားရိုက်တာပဲ။ အချစ်ကားကြိုက်တဲ့ သူက အချစ် ကားရိုက်တာပဲ။ တခြားကား ဝါသနာပါတဲ့ သူလည်းပါသလို ရိုက်ကြမှာပဲလေ။ ကိုယ် ကြိုက်တာ ကိုယ်ရိုက်နိုင်တာပေါ့” လို့ ဒေါ်ဆွေဇင်ထိုက်က ပြောပြခဲ့ပါ တယ်။

 မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here