မေလထဲမှာ စစ်မှုထမ်းတော့မယ့် Lee Min Ho

0
268

Lee-Min-Hoမကြာသေးခင်က ထုတ်ပြန်လိုက်တဲ့ သတင်း တွေအရ နာမည်ကြီး မင်းသား Lee Min Ho က ၂ဝ၁၇ ခုနှစ်ထဲမှာ စစ်မှု ထမ်းတော့မယ် လို့သိရ ပါတယ်။ နှစ်အစ ပိုင်းတုန်းကတော့ မင်းသားဟာ စစ်မှုထမ်း ရမယ့် ရက်ကို မသိသေးဘူး ပြောခဲ့ပေမယ့် ဒီနေ့မှာတော့ သူဟာ မေလ ၁၂ ရက်နေ့ဆို အတည်ပြုလိုက်ပါတယ်။

MYM Entertainment  ရဲ့ ထုတ်ပြန်ချက်အရ “မင်းသား Lee Min Ho ဟာ Public Service Worker အဖြစ် ဆိုးလ်ရှိ Gangnam District Office  မှာ တာဝန် ထမ်းဆောင်ရမယ်လို့ သိရပါ တယ်။ သူဟာ ၂ဝဝ၆ နဲ့ ၂ဝ၁၁ တုန်းက ယာဉ် တိုက်မှု ဖြစ်ခဲ့တာကြောင့် အဲ့ဒီတာဝန် ကို ထမ်း ဆောင်ရတာပါ” လို့ ပြောပြသွားပါတယ်။  Lee Mon Ho  က ယာဉ်တိုက်မှု ဖြစ်တုန်းက ဒဏ်များ ရရှိခဲ့ပြီး အဲ့ဒီ ဒဏ်ရာတွေ တာကြောင့် စစ်တပ် ဘက်မှာ ထမ်းဆောင်လို့ မရဘူးလို့ သိရပါတယ်။

ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေ ကတော့ သူတို့ရဲ့ မင်းသားကို လွမ်းဆွတ် နေကြတော့ မှာပါ။ ဒါပေမဲ့ နိုင်ငံသား တစ်ဦးရဲ့ တာဝန် ကို ထမ်းဆောင်ဖို့သွားတာမို့ ပရိသတ် တွေက နားလည်ပေးမှာပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here