ဝေဠုကျော် ဇာတ်ကားတွေ ပြန်ရိုက်ကူးဖြစ်ရခြင်းအကြောင်း

0
346

Wai Lu Kyaw

လွန်ခဲ့တဲ့ ၂နှစ်လောက်ကစပြီး ဇာတ်ကားရိုက်ကူးမှုတွေ လုံးဝမပြုလုပ်တော့ဘဲ ပရဟိတလုပ်ငန်းတွေကိုပဲ အချိန်ပေးလုပ်ကိုင်ဖြစ်နေတဲ့ ဝေဠုကျော်က လက်ရှိအချိန်မှာတော့ ဇာတ်ကားရိုက်ကူးမှုတွေ ပြန်လည် ပြုလုပ်နေပါပြီ။

” ကျွန်တော့်မှာ ကိုယ်ပိုင်ထုတ်လုပ်ရေးရှိပါတယ်။ ကျွန်တော့်အဖေက ကျွန်တော့်ကို ရိုက်ခိုင်းပေမယ့် ကျွန်တော်မျိုးစုံ ငြင်းခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ကို သွေးမတော်၊ သားမစပ်ဘဲနဲ့ မင်းသားတစ်ယောက် ဖြစ်လာအောင်တင်ပေးခဲ့တဲ့ ကုမ္ပဏီတွေထဲမှာ အပါအဝင်ဖြစ်တဲ့ ကြောင်ကမ္ဘာနဲ့ ပတ်သက်ပြီး ကျွန်တော်ငြင်းလို့မရတဲ့အတွက် ဇာတ်ကားပြန်ရိုက်ကူးပါတယ်။ လို့ ” သူဇာတ်ကား ပြန်ရိုက်ကူးတွေနဲ့ ပတ်သက်ပြီး ဝေဠုကျော်က ပြောပါတယ်။

အခုဝေဠုကျော်တို့ ရိုက်ကူးမယ့် “မကြာမီမျှော်” ဇာတ်ကားက ထူးခြားမှုတွေရှိပါတယ်။ ပါဝင်မယ့် သရုပ်ဆောင်တွေက နယ်ပယ်စုံက ဖြစ်သလို ရိုက်ကူးမယ့် ဒါရိုက်တာ တွေကလည်း နိုင်ငံခြားကပါ။ ဒီဇာတ်ကားအတွက် ဝေဠုကျော်ရဲ့ မျှော်လင့်ချက်က ..

” ရိုက်ကူးမယ့် ဒါရိုက်တာကလည်း အိန္ဒိယဒါရိုက်တာ ဖြစ်နေတယ်။ လာမယ့် DOP (Director Of Photography) တွေ၊ တခြားသော စက်မှုပိုင်းဆိုင်ရာ အားလုံးက အိန္ဒိယက လာမှာဖြစ်တဲ့ အတွက် ကျွန်တော်တို့ဆီမှာ မရှိသေးသော၊ နားမလည်သေးသော၊ မတတ်ကျွမ်း သေးသော ပညာတွေကို သူတို့ဆီက ဆင့်ပွား ရယူဖို့အတွက် ကျွန်တော် လက်ခံလိုက်ခြင်းဖြစ်ပါတယ်။ ရိုက်ကူးတဲ့ နေရာမှာ အိန္ဒိယကလူ၊ အိန္ဒိယ ဒါရိုက်တာတွေဆို ပေမယ့် ကျွန်တော်တို့ရဲ့ မြန်မာပြည်က ယဉ်ကျေးမှုတွေ မလွတ်အောင်၊ သရုပ်ဆောင်တွေ အားလုံးက ပီပီ ပြင်ပြင်ဖြစ်အောင် ဂရုတစိုက်နဲ့ သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဇာတ်ကားကောင်းခြင်း၊ မကောင်း ခြင်းဆိုတာက ကျွန်တော့် အဖွဲ့ရဲ့ စုပေါင်းညီညာအားထုတ်မှု နဲ့ တစ်ချိန် ကျရင် ငွေရောင်ပိတ်ကား ပေါ်မှာ ကြည့်ရှုရမှာ ဖြစ်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here