အသောက ကျန်းမာရေး ဖောင်ဒေးရှင်း ရန်ပုံငွေ အတွက် မလေးရှားကို သွားရောက် ဖျော်ဖြေခဲ့တဲ့ ဆုပန်ထွာ

0
300

SuPanHtwarဆုပန်ထွာက အသောက ကျန်းမာရေး ဖောင်ဒေးရှင်း ရန်ပုံငွေပွဲ အတွက် ဧပြီလ ၃ဝ ရက်နေ့မှာ မလေးရှား နိုင်ငံကို သွားရောက် ခဲ့ပါတယ်။ မေလ ၁ ရက်နေ့မှာ ပြုလုပ်တဲ့ ဒီပွဲမှာတော့ ဆုပန်ထွာ နဲ့အတူ သျှန်ထွန်း (မြန်မာစာ)၊ မနော၊ မိုး ထက်မြင့်၊ ဂျေညီညီ၊ မွန်မင်းသား မင်းနိုင်စိုး၊ ဖြူဖြူကျော်သိန်း၊ ခရစ္စတီးနား တို့က ဖျော်ဖြေ ခဲ့ကြပါတယ်။ အနုပညာ လှုပ်ရှားမှုတွေ ခဏနား ထားတဲ့ ဆုပန်ထွာ အတွက် ဒီပွဲက သူမပြန်လည်သီဆိုတဲ့ ပထမ ဆုံး ပြည်ပ ဖျော်ဖြေပွဲပါလို့ ဆိုပါတယ်။ ဖျော်ဖြေရေး ခရီးစဉ်နဲ့ ပတ်သက်ပြီး..

“သားသားက အခု ၆ လလည်း ပြည့်ပြီးပြီ ဆိုတော့ နို့လည်း ပြတ်သွားပြီ။ ဖြည့်စွက် အစာတွေလည်း စစား နေပြီ ဆိုတော့ မပန်က အနုပညာ အလုပ်လေးတွေ ပြန် လုပ်လာတာပါ။ မလေးရှားပွဲ ကတော့ ပထမဆုံး ပြည်ပ ခရီးစဉ်ပေါ့။ ဒီပွဲမှာ မပန်ရဲ့ တစ်ကိုယ်တော် အခွေထဲက သီချင်းတွေ၊ မပန်ဆိုနေကျ ဆောရီးပါနော် ကိုကို၊ ဇွတ်ချစ်မယ်၊ ဒီလိုမျိုး သီချင်းလေးတွေ သီဆိုဖျော်ဖြေခဲ့ တယ်။ မလေးရှားက အပြန် စင်ကာပူ ရောက်တော့ မပန်တို့ကို ၃ ရက်နေ့ညမှာ သီဆိုပေးဖို့ ပြောသေးတယ်။ မပန်လည်း သားသားလေး ကို လွမ်းလို့မဆိုတော့ဘဲ ပြန်လာခဲ့တယ်”လို့ ဆုပန်ထွာက ပြောပါတယ်။

ဆုပန်ထွာက သူမထွက်ရှိခဲ့တဲ့ “သေလောက်အောင် ချစ်တယ်” တေး စီးရီးအခွေအတွက်လည်း MTV တွေ ရိုက်ကူးပြီး ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သားငယ် Roar Kyaw ကို ထည့်သွင်းရိုက်ကူးဖို့ ပြောတာကြောင့် MTV တစ်ပုဒ်မှာ သားကိုပါ ရိုက်ကူး သွားမယ် လို့ဆိုပါ တယ်။ ဆုပန်ထွာက..

“အစ်မရဲ့တစ်ကိုယ်တော် စီးရီး ခွေ MTV လေးကို အစ်မလည်း မြန်မြန်ထွက်ချင်နေပါပြီ။ MTV လည်း ၇ ပုဒ်လောက် ရိုက်ပြီးပြီ။ ၆ ပုဒ်လောက်ပဲ ကျန်တော့တယ်။ မတင်ဇာမော်နဲ့ သီချင်းဆို ရိုက်လည်း ရိုက်ပြီးပြီ။ နိငအ လည်း လုပ်ပြီးသွား ပြီ။ ကိုဥက္ကာနဲ့ အမေရိကသွားတုန်း က ရိုက်ကူးထားတဲ့ ကဒ်လေးတွေလည်း ရှိတယ်။ ကိုဥက္ကာကို ရိုက်ကူးခိုင်းထားတဲ့ ကဒ်လေးတွေလည်း ရှိပါတယ်။ ကိုဥက္ကာလည်း အစ်မ အခွေမှာ အားဖြည့် တယ်ပေါ့။ “သေလောက်အောင်ချစ်တယ်” သီချင်းလေး ကလည်း အစ်မနဲ့ ကိုဥက္ကာတို့ အကြောင်းလေးဆိုတော့ အစ်မ စဉ်းစားနေတာ သားသားလေးရော ထည့်ပြီး မိသားစု ဘဝပုံစံမျိုး ထည့်သွားချင်တယ်။ ပရိသတ်တွေက လည်း သားလေးကို ပါစေချင်ကြတယ်။ ကလေးကလည်း ငယ် သေးတော့ မပန်က အလုပ်ကို ချိန်ပြီး လုပ်နေရလို့ပါ” လို့ ပြောပါတယ်။

ဆုပန်ထွာက မေလထဲမှာ ပြုလုပ်မယ့်  Bella  အငြိမ့်မှာလည်း လူရွှင်တော် တစ်ဦးအနေနဲ့ မြင်တွေ့ ရဦးမှာဖြစ်ပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here