ရန်ကုန်တွင် ပြုလုပ်မည့် ဓာတ်ပုံပြိုင်ပွဲမှာ ဒိုင်အဖြစ် ဆောင်ရွက်သွားမည့် ထိုင်းမင်းသား Mario Maurer

0
322

MarioUnilever Myanmar မှ Pond’s Men မျက်နှာသစ်၏ ထုတ် ကုန်သစ်ဖြစ်သည့် Pond’s Men Acne Solution မျက်နှာသစ် ဆပ်ပြာကို ရန်ကုန်မြို့၊ Junction City တွင် မေလ၂၁ရက်၊ ၂ဝ၁၇ ခုနှစ်၌ စတင်မိတ် ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဤမိတ်ဆက်ပွဲတွင်  Pond’s Men ၏ သံတမန်ဖြစ်သူ နာမည်ကျော် အနုပညာရှင် Mario Maurer နှင့် မြန်မာနိုင် ငံမှ အနုပညာရှင် အကယ်ဒမီ နိုင်းနိုင်းတို့က Pond’s Men မှ စီစဉ်ကျင်းပသော “အောင်မြင်မှု ပုံရိပ်ရှင်” facebook ဓာတ်ပုံပြိုင်ပွဲ အတွက် အနိုင်ရရှိသူ များကို ရွေးချယ်ပေးမည့် ဒိုင်လူကြီး များအဖြစ် ပါဝင် သွားမည်ဖြစ်ကာ ဤအစီအစဉ်မှ  အနိုင်ရရှိ သူများသည် ငွေသားဆုများ လက်ခံရရှိ မည်ဖြစ်သည်။

ထို့အပြင် Pond’s Men  ၏ ကံစမ်းမဲ အစီအစဉ်မှ တစ်ဆင့်iPhone 7 နှစ်လုံး ရရှိနိုင်မည့် အခွင့်အရေး Mario Maurer ၊ နိုင်းနိုင်းတို့နှင့် အတူ ဓာတ်ပုံရိုက်နိုင်မည့် အခွင့်အရေး များရရှိမည် ဖြစ်သည်။ မေလ ၂၁ ရက်နေ့၌ ကျင်းပမည့် Pond’s Men Acne Solution မျက်နှာသစ် ဆပ်ပြာအသစ် စတင်မိတ်ဆက်ပွဲ မတိုင်မီ ၁ဝ ရက် အလိုတွင် ပထမအဆင့် ရွေးချယ် ခံရသူ ၁ဝ ယောက်ကို အကြောင်း ကြားပေး သွားမည်ဖြစ်သည်။ ဆန်ခါတင် ၁ဝဦး သည် မေလ၂၁ ရက်နေ့ပွဲကို တက်ရောက်ခွင့် ရမှာဖြစ်ပြီး ဆုရရှိသူ ၃ဦးကို Marioနှင့် နိုင်းနိုင်းတို့က ရွေးချယ်ဆု ချီးမြှင့်သွားမည် ဖြစ်ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here