ဂျပန်နိုင်ငံမှာ ရုပ်ရှင်ရိုက်ကူးမယ့် ဒါရိုက်တာကြည်ဖြူသျှင်

0
189

Kyi Phyu Shin

ဒါရိုက်တာကြည်ဖြူသျှင်က ဂျပန်နိုင်ငံမှာရုပ်ရှင်ရိုက်ကူးဖို့ ကြိုတင်လေ့လာရန်အတွက် ဂျပန်နိုင်ငံကို မေလ၅ရက်နေ့ကထွက်ခွာသွား ပြီဖြစ်ပါတယ်။ မေလ၁၂ရက်နေ့ မှာတော့ မြန်မာနိုင်ငံကိုပြန်လည် ရောက်ရှိမှာဖြစ်ပြီး ဒီခရီးစဉ် ၁ပတ် တာအတွင်းမှာ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့အတွက် ပြင်ဆင်လေ့လာမှုတွေ ပြုလုပ်ခဲ့မှာဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာဇာတ်ကား တစ်ကားလုံးကို ရိုက်ကူးသွားမှာ ဖြစ်ပြီး ဒီဇာတ်ကားကဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့နှစ်နိုင်ငံချစ်ကြည်ရေး ဇာတ်ကားတစ်ကားလည်း ဖြစ်မှာ ဖြစ်ပါတယ်။

” အစ်မအတွက်ကတော့ ဒါက ထူးခြားတဲ့ အနုပညာရိုက်ကူးမှု တစ်ခုပဲ ဖြစ်ပါလိမ့်မယ်။ဒီဇာတ်ကားရိုက်ကူးဖို့အတွက်က အစ်မအရင်တစ် ခေါက်ဂျပန်ကိုမသွားရောက် ခင် ကတည်းက စီစဉ်နေတာပါ။ အစ်မ ကိုပြောပါတယ်။ ဂျပန်-မြန်မာချစ် ကြည်ရေးအတွက် ဇာတ်ကားတစ် ကားရိုက်ကူးဖို့ရှိတယ်။ အဲဒီဇာတ်ကားကို မကြည်ဖြူသျှင်နဲ့ရိုက်ကူးဖို့ စကားပြောချင်တယ်ဆိုတော့ အဲဒီအချိန်မှာကအစ်မအနေနဲ့က ခရီးသွားခါနီးဖြစ်နေပြီဆိုတော့ ခရီးက ပြန်လာတဲ့အခါကျမှ ဒီကိစ္စ ပြန်ပြီးဆွေးနွေးဖြစ်တယ်။ အခု ဇာတ်ကားကလည်း တစ်ကားလုံး နီးပါး ဂျပန်မှာရိုက်ကူးရမှာပါ” လို့ ဒီဇာတ်ကားနဲ့ပတ်သက်လို့ဒါရိုက်တာ ကြည်ဖြူသျှင်ကပြောပါတယ်။

ဒီဇာတ်ကားအတွက် ထုတ်လုပ် ရေးကတော့ မြန်မာနိုင်ငံက ပရိုဂျုစာကပဲထုတ်လုပ် ရိုက်ကူးမှာဖြစ်ပြီး ဇာတ်ကားကတော့ ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာတွေရဲ့ Life ကိုရိုက်ကူးပြသမှာဖြစ်ကာဂျပန် နိုင်ငံ မှာနေထိုင်နေတဲ့ မြန်မာမိသား စုတွေရဲ့ရုန်းကန်ရမှုတွေ၊ ကြိုးစားရမှု တွေ၊ ဂျပန်နိုင်ငံမှာမွေး ဂျပန်နိုင်ငံမှာ ပဲကြီးပြင်းခဲ့တဲ့ မြန်မာလူငယ်တွေရဲ့ ပြောင်းလဲသွားမှုတွေ၊ ဂျပန်နိုင်ငံကို သွားရောက်ကြမယ်ဆိုရင်ဘယ်လိုအချက်တွေကို သိထားသင့်တယ်ဆိုတာ မျိုးတွေကို ရိုက်ကူးပြသသွားမယ့် ဇာတ်လမ်းမျိုးပဲဖြစ်ကြောင်း၊ သရုပ် ဆောင်တွေအနေနဲ့ကတော့ ဂျပန် နိုင်ငံနဲ့မြန်မာနိုင်ငံမှ သရုပ်ဆောင် တွေပါဝင်ကြမှာဖြစ်ပြီး မြန်မာနိုင်ငံ မှာ အဓိကထားပြီးရုံတင်ပြသွားမှာ ဖြစ်ကာနိုင်ငံတကာရုပ်ရှင်ပွဲတော် တွေမှာလည်းပြသသွားမှာဖြစ် ကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင် ကပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here