ပရိသတ်တွေနဲ့ စုပေါင်း အလှူလုပ်ခဲ့တဲ့ နန်းဆုဦး

0
201

NanSuOoနန်းဆုဦးက We Love NSO  အဖွဲ့နဲ့အတူ မေလ ၃ ရက် နေ့က မရမ်းကုန်း မြို့နယ်မှာရှိ တဲ့ ကျိုက်ဝိုင်း လူငယ် ပရဟိတကျောင်း မှာ နှစ်သစ် အလှူ အဖြစ် သွားရောက် လှူဒါန်းခဲ့ပါတယ်။ အလှူလှူဖြစ်ပုံခဲ့ ပုံနဲ့ ပတ်သက်ပြီး နန်းဆုဦးက…

“မနက်စာ၊ နေ့လယ်စာ ကျွေး တယ်။ ကျောင်းသုံး ပစ္စည်းတွေ လှူဖြစ်တယ်။ နန်းဆု We Love အဖွဲ့သားများနဲ့ စုပေါင်း အလှူလေး ပါ။ ဒီကျောင်းမှာက နန်းဆုအရင် ကတည်းက ကလေးတွေကို အင်္ဂလိပ် စာ အမြဲတမ်း လာသင်ပြပေးခဲ့ဖူး တယ်။ခုနောက်ပိုင်း အနုပညာ အလုပ် ကို လုပ်တော့မှ ပုံမှန်မသွားဖြစ်တော့ ဘူး။ စာသွား မသင်ပြပေးဖြစ်တော့ ဘူး။ စိတ်ထဲမှာ အစကတည်းက နန်းဆု We Love အဖွဲ့နဲ့ အလှူလုပ် ဖို့ စဉ်းစား ထားတာရှိတယ်။ အဲဒါနဲ့ ဒီကျောင်းမှာ သွားလှူလိုက်တာပါ” လို့ ပြောပါတယ်။

အခုလတ်တလော မှာတော့ နန်းဆုဦးက ဒါရိုက်တာ ဥက္ကာ ရိုက်ကူးတဲ့ ဇာတ်ကားကို လူမင်းနဲ့ အတူ ရိုက်ကူးနေပါတယ်။ ကိုယ့်ဆီ လာအပ်တဲ့ ဇာတ်ကားတွေ အပေါ်မှာ ပဲ အကောင်းဆုံး ကြိုးစားပြီး လုပ်ဆောင်နေပြီး ဇာတ်လမ်းရွေး
ချယ်ပိုင်ခွင့်တော့ မရှိသေးကြောင်း သူက ဆိုပါတယ်။

နန်းဆုတို့ အနေနဲ့က ဇာတ်လမ်း တွေကို ရွေးချယ် ပိုင်ခွင့်မရှိဘူး။ နန်းဆု တို့ဆီရောက်လာတဲ့ ဇာတ် ကားပေါ်မှာပဲ စိစစ်ခွင့် ရှိတယ်။ ဥပမာ – နန်းဆုဆီ ရောက်ရှိလာတဲ့ ဇာတ်ကားမှာမှ ၅ကားက ဃသာနိပ၊ ၂ကားက အချစ်ကားပေါ့။ ဒါပေမဲ့ နန်းဆုရိုက်ကူးချင်တာက အက်ရှင် ဆိုရင် ဒါကရွေးချယ်ပိုင်ခွင့် မရှိဘူး။ နန်းဆု အနေနဲ့က နန်းဆုဆီရောက် ရှိလာတဲ့ ဇာတ်ကားတွေမှန်သမျှကို အကောင်း ဆုံးပဲ ကြိုးစားပြီးတော့ပဲ လုပ်တယ်။ ဒီလိုမျိုး ပြင်ဆင်မှုအ ပိုင်းမှာပဲ နန်းဆု  ကားရိုက်ကူးချင် ပါတယ်”လို့ နန်းဆုဦးက ပြောပါ တယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here