ပရိသတ်တွေ စိတ်မပျက်အောင် ကြိုးစားသွားမယ့် ယွန်းယွန်း

0
331

Yoon-Yoon-(1)သရုပ်ဆောင် ယွန်းယွန်းက အခု လတ်တလောမှာ ကြော်ငြာတွေ ရိုက်ကူးနေပြီ ဖြစ်ပေမယ့် ဇာတ်ကား ရိုက်ကူးမှု တွေကတော့ ကျဲနေပါတယ်။ အခုလို ဇာတ်ကား ရိုက်ကူးမှု ကျဲသွားတဲ့ အပေါ်မှာ ယွန်းယွန်းက …

“ညီမ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ မုန့် ကြော်ငြာ၊ ဆေးကြော်ငြာ၊ Beauty Product ကြော်ငြာ တွေ ရိုက်ဖြစ်နေပါတယ်။  ညီမလောလော ဆယ် ဇာတ်ကားတွေ မရိုက်ကူးဖြစ်သေးပါဘူး။ ညီမ နဲ့ တကယ် လိုက်ဖက်ပြီး ပရိသတ်တွေ ကြည့် ကောင်းမယ့် ဇာတ်ကားမျိုးတွေကို စောင့်နေတာပါ။ ညီမကို ငယ်ငယ် ကတည်းက အားပေးရ ကျိုးနပ်အောင် အနုပညာကို ကြီးတဲ့အထိ လုပ်သွားပြီး ပရိသတ် စိတ်မပျက်အောင် ကြိုးစား သွားဖို့အတွက် ညီမနဲ့ လိုက်ဖက်တဲ့ ဇာတ် မျိုးကြုံရင် ပြန်ရိုက်ကူးမှာပါ”လို့ ဆိုပါတယ်။

၂ဝ၁၇ခုနှစ် နှစ်ဆန်းကလည်း မိသားစုနဲ့ အတူစင်္ကာပူကို အပန်းဖြေ ခရီးသွားခဲ့တဲ့ ယွန်းယွန်း က ခရီးတွေ သွားရတာကို သဘောကျ တယ်လို့ ဆိုပါတယ်။

“ညီမ ဟိုတစ်လောက စင်္ကာပူ သွားသေး တယ်။ မိသားစုလိုက် နွေရာသီမှာ အကုန်လုံး ပိတ်ရက်ရတော့ အပျော် ခရီးထွက်တာပါ။ ကိုယ့် နိုင်ငံ မဟုတ်တဲ့ တခြား ဘယ်နိုင်ငံကိုပဲသွား သွား ညီမ အရမ်းပျော်တယ်။ ခရီးသွား ရတာလည်း အရမ်း ကြိုက်တယ်။ စိတ်ကို လန်းဆန်း စေဖို့အ တွက် ခရီးသွားရတာ အကောင်းဆုံးပါပဲ”လို့ ပြော ပါတယ်။  ယွန်းယွန်းက ဒါရိုက်တာ ဝိုင်းနဲ့လည်း ဇာတ်ကား ထပ်မံ ရိုက်ကူးဖို့ စီစဉ်ထားပြီး ဒီဇာတ် ကား အတွက်ကတော့ မပြင်ဆင်ရသေးဘူး လို့ ယွန်းယွန်းက ဆိုပါတယ်။

“ဦးဝိုင်းနဲ့ ရိုက်ကူးမယ် လုပ်ထားတဲ့ ဇာတ်ကား အတွက် ညီမဘာမှ မပြင်ဆင်ရသေးဘူး။ ဦးဝိုင်းနဲ့လည်း သေ ချာ မပြောရသေးဘူး။ မပြောရ သေးတာကလည်း ဦးဝိုင်း နဲ့ သိပ်မတွေ့ရသေးတာကြောင့်ပါ”လို့ ယွန်းယွန်းက ပြော ပါတယ်။

ချယ်ရီ၊
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here