အသက် ၃ဝ မှ အိမ်ထောင်ပြုဖို့ စဉ်းစားမယ့် ဝါဆိုမိုးဦး

0
184

War-So-moe-Ooအခုလက်ရှိမှာ ချစ်သူရှိပေမယ့်လည်း အချစ်ရေးနဲ့ ပတ် သက်ပြီး ဦးစားပေး စဉ်းစားတာမျိုး မရှိသလို အိမ်ထောင်ပြု ဖို့ကလည်း အချိန်တွေ အများကြီး လိုပါသေးတယ် လို့ ပြော လာသူကတော့ သရုပ်ဆောင်၊ အဆိုတော် ဝါဆိုမိုးဦးပဲ ဖြစ် ပါတယ်။

“ဝါဆို အသက်က အခုမှ ၂၂နှစ်ပဲရှိသေးတယ်။ ဝါဆို အတွက် ဘဝမှာ လုပ်စရာတွေ အများကြီး ရှိနေပါသေး တယ်။ အိမ်ထောင်ပြုဖို့ ဆိုတာ အသက် ၃ဝ လောက်မှ ပြုဖြစ်မယ်။ ဘာလို့လဲဆိုတော့ ဝါဆို့ အတွက် ရင့် ကျက်မှု ဘာမှမရှိသေးဘူး။ ငယ် သေးတဲ့အတွက် ဘာကိုမှ မလုပ်ချင်သေးဘူး။ ပြီးတော့ အိမ်ထောင် ပြုမယ် ဆိုတာကလည်း လွယ်တဲ့ အလုပ်မှ မဟုတ်တာ။ ဝါဆိုက အလုပ် တစ်ခုလုပ်ရင် လည်း စဉ်းစားတတ်တယ်။ စဉ်းစားတတ်တဲ့ အတွက် အမှားအယွင်းမရှိအောင် စဉ်း စားတယ်။ အဲဒီအတွက်ကြောင့် ဝါဆို့ အတွက်က အိမ်ထောင်ပြုဖို့ အများကြီး လိုပါသေးတယ်” လို့ ပြောပြပါတယ်။ မကြာသေးခင်က ထွက်ရှိခဲ့တဲ့ ဝါဆိုမိုးဦးရဲ့ “မိုက်လား ပြောကြည့်” တစ်ကိုယ်တော်စီးရီးခွေ က ရောင်းအား ကောင်းခဲ့သလို ပရိသတ်တိုင်း ကလည်း မူရင်း အခွေကိုပဲ ဝယ်ယူအားပေး ကြတဲ့အတွက် ပရိသတ်တွေကို ကျေးဇူး တင်ကြောင်း ဝါဆိုမိုးဦးက ပြောပါတယ်။ အနုပညာ လှုပ်ရှားမှု တွေနဲ့ ပတ်သက်ပြီး အခုလတ်တလောမှာတော့ ကြော်ငြာ များ၊ ကာဗာများ၊ ပရိုဂရမ်များ ရိုက်ကူး နေရပြီး ၂ဝ၁၈ ခုနှစ် အတွက် သူကိုယ် တိုင်ထုတ်လုပ်ပြီး ရုပ်ရှင်ဇာတ်ကား ကြီး ရိုက်ကူးဖို့လည်း စဉ်းစားထား ကြောင်း ဝါဆိုမိုးဦးက ပြောပါတယ်။

“၂ဝ၁၈ခုနှစ်အတွက် ဇာတ် ကားကြီးတစ်ကား ရိုက်ကူးဖို့ ဝါဆို စိတ်ကူးထားတယ်။ အဲဒါက ဝါဆို ကိုယ်တိုင်မူပိုင်အနေနဲ့ ထုတ်ဖို့ စဉ်း စားတယ်။ ဒါပေမဲ့လည်း အဲဒါက လုံးဝ ကို အကောင်အထည် မဖော်ရသေးပါဘူး။ အကောင်အထည် ဖော်ဖြစ်တဲ့ အခါကျရင် ပရိသတ်ကို ပြောပါ့မယ်”လို့ သူက ပြောပြ ခဲ့ပါတယ်။

ဇင်မာနွယ်  
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here