ကမ္ဘာကျော် Hip-Hop အဆိုတော် Soulja Boy မြန်မာပရိသတ်များနဲ့ တွေ့ဆုံ

0
323

ZAW_7504Under Dawg Festival မှာ ဖျော်ဖြေဖို့ အတွက် မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကမ္ဘာ ကျော် Hip-Hop အဆိုတော် Soulja Boy က မေလ ၁၂ ရက်နေ့မှာတော့ Junction City  မှာ မြန်မာပရိသတ်တွေ နဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပါတယ်။ ဒီပွဲမှာ Soulja Boy က သူ့ရဲ့ ကျော်ကြားတဲ့ သီချင်းတွေထဲက Crank That, Kiss Me Thru the Phone စတဲ့ သီချင်း တွေနဲ့ မိတ်ဆက် ဖျော်ဖြေခဲ့ပြီး ပရိသတ် တွေလည်း တစ်ခဲနက် အားပေးခဲ့ကြပါတယ်။ ဒါ့အပြင် မေလ ၁၃ ရက်နေ့ ညမှာ လည်း The Vibe Club မှာ Road to Under Dawg အမည် နဲ့ Soulja Boy  က တစ်ကိုယ်တော် ဖျော်ဖြေမှုတွေ ပြုလုပ် ခဲ့ပါသေးတယ်။ ဒီလိုမြန်မာနိုင်ငံမှာ ပထမဆုံး လာရောက် ဖျော်ဖြေရတဲ့အပေါ် Soulja Boy  က

“ဒီလို လာရောက် အားပေးတဲ့ အတွက် အရမ်း ဝမ်းမြောက်ပါတယ်။ မြန်မာနိုင်ငံကို လာရတာလည်း တအားပျော်တယ်။ ဒီကလူတွေ နဲ့ ထိတွေ့ဆက်ဆံရတာ အရမ်းကောင်း ပါတယ်။ အတွေ့အကြုံသစ်ပါပဲ။ ရှိုးပွဲ အတွက်လည်း အချိန်တွေ တော်တော် ပေးထားတယ်။ အဓိကက ဒီမှာ ပရိသတ်တွေနဲ့ ပျော်ကြဖို့ပါပဲ။ ပျော်ကြမယ် လို့လည်း မျှော်လင့်ပါတယ်။ အားပေးတာကို အထူး ကျေး ဇူးတင်ပါတယ်”လို့ ပြောပါတယ်။

Under Dawg Festival ကတော့ ဇွန်လ ၁၂ရက်နေ့မှာ ကမ္ဘာကျော် Hip-Hop  အဆို ရှင်များဖြစ်တဲ့ CL, Nelly နဲ့ Soulja Boy  တို့နဲ့အတူ သုဝဏ္ဏဘူမိကွင်းမှာ ကျင်းပ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ယခင်က မေလ ၁၃ ရက်နေ့မှာ ကျင်းပဖို့ ရည်ရွယ်ခဲ့ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် ဇွန်လ ၁၂ ရက်နေ့သို့ ရွှေ့ပြောင်း သွားရတာဖြစ်ပါတယ်။ ဒီလိုမျိုး အချိန် ပြောင်းရွှေ့ခဲ့ရခြင်း အကြောင်း ကိုတော့ “ကျွန်တော်တို့ Under Dawg  ကို ဇွန်လဆန်း ကို ပြောင်းရွှေ့ခဲ့တာက Nelly ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတချို့ မပြီးပြတ်သေးလို့ ရက်ရွှေ့ခဲ့တာပါ။ ရက်ရွှေ့ခြင်းအား ဖြင့်လည်း ကျွန်တော်တို့ Promotion တွေ၊ Promotion  တွေအတွက် အချိန်ပိုရမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ သဘော တူညီမှုလေး တစ်ခုယူပြီး ရွှေ့လိုက်တာပါ။ လက်မှတ်ကြို ဝယ်ထားသူတွေ အတွက်လည်း ကျွန်တော်တို့ တောင်းပန်ပါတယ်။ ဇွန်လ ၁၂ ရက်နေ့ကတော့ သေချာပါတယ်။ ဒီဖျော်ဖြေပွဲ က နိုင်ငံခြားမှာ ကြည့်ရသလိုမျိုး ဖြစ်အောင် ပြင်ဆင်ထားတဲ့ အတွက် နောင်တမရ စေရဘူးလို့ ကျွန်တော် ကတိပေးပါတယ်”လို့ Living Sound Entertainment ရဲ့ CEO ကိုဂျောမရန်က ပြောပါတယ်။

Under Dawg ပွဲအတွက် လက်မှတ်ဈေးနှုန်း တွေကတော့ CUBE B သုံးသောင်းကျပ်၊ CUBE A ခြောက်သောင်းခွဲ၊ VIP (Standing) ၂သိန်းကျပ်၊ VIP (Sitting)
၃သိန်းကျပ်နဲ့ VVIP ၈ သိန်းကျပ်တို့ပဲဖြစ်ပါတယ်။

မြတ်မိုးပွင့် ၊
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here