နမ့်စမ်က သဘာဝတရားရိပ်သာ မိဘမဲ့ကျောင်းမှာ အလှူလုပ်ခဲ့တဲ့ ချမ်းချမ်း

0
240

ch

ချမ်းချမ်းတစ်ယောက်ရှမ်းပြည်နယ်ကို ဂီတဖျော်ဖြေပွဲကိစ္စနဲ့ခရီး ထွက်ရင်း ပရဟိတလည်း လုပ်ဖြစ်ခဲ့ပါသေးတယ်။ အကြောင်းကတော့ နမ့်စမ်မှာရှိတဲ့ သဘာဝတရားရိပ် သာမိဘမဲ့ကျောင်းကိုသွားပြီး အလှူ တွေလုပ်ခဲ့တဲ့အကြောင်းပါ။ သူ ရန်ကုန်ပြန်ရောက်တော့ ဒီအကြောင်းကို မေးမြန်းဖြစ်တဲ့အခါ “အစ်မက ၄ရက်ဆက်တိုက် နမ့်စမ်မှာ ရှိုးရှိလို့ သွားဆို ရင်းနဲ့ အဲဒီမြို့ခံတွေက ဘာဝတရားရိပ်သာမှာ မိဘမဲ့ ကျောင်းရှိတယ် ပေါ့နော်။ သန်လျင်က သဘာဝတရားရိပ်သာ ဆရာတော်ရဲ့ ကျောင်းခွဲပဲ။ အဲဒီမှာ မိဘမဲ့ကလေး ၃ဝဝကျော်ရှိတယ်။ အဲဒီကလေးတွေကို အစ်မက မုန့်ကျွေးတယ်။ သီချင်းဆို၊ အားပေးစကားပြော၊ အလှူငွေထည့်ပေါ့” လို့ သူမက ပြောပါတယ်။ ကလေးတွေနဲ့တွေ့တဲ့အခါ ဘယ်လိုမျိုးအားပေးစကားပြောဖြစ်သလဲ၊ အဲဒီအတွေ့အကြုံကို မေးမြန်းဖြစ်တဲ့အခါ..

” ကလေးတွေကတော့ အားငယ်တာပေါ့နော်။ အနုပညာရှင်တွေကျတော့ အဲဒီဘက်ရောက်ဖို့ တအားခဲယဉ်းတာကိုး။ သူတို့တွေက အနုပညာသမားတစ် ယောက်ယောက်လာပြီဆိုရင် ပျော်လည်းပျော်တယ်။ အားလည်းငယ်တယ်။ အဓိက အစ်မပြောဖြစ်တာက လူတိုင်းက မွေးလည်းတစ် နေ့၊ သေရင် လည်းတစ်နေ့ပဲ။ တစ်ယောက်တည်းသွာရမှာပဲ။ အဲဒီအတွက် ကြောင့်ဖြစ်လာတဲ့ ဘဝတစ်ကွေ့မှကိုယ့်ရဲ့ ကံတရားနည်းပါးတဲ့ အတွက်ကြောင့် မိမစုံ၊ ဖမစုံနဲ့နေရတယ်။ မိဘတွေ ရဲ့ စွန့်ပစ်ခြင်း ကိုခံရတယ်။ ဒါပေမဲ့ ဒါတွေဟာ စိတ်ဓာတ်ကျစရာမဟုတ်ဘူး။ မိမစုံ၊ဖမစုံပေမယ့် သူ့မှာအောင်မြင်ကျော်ကြားဖို့ ကံပါလာ မယ်။ အရင်အချင်းလေးလည်းရှိမယ် ဆိုရင် ကြိုးစားမှုကသာ အဓိကပေါ့။ အဲဒီလိုမျိုးလေးတွေတော့ သူတို့ကို အားပေးဖြစ်တယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here