အသုံးကျတဲ့ ဘုရင်

0
188

saby

ဟိုတလောက “ဘုန်းမီးနေလ အာသောက”ဆိုတဲ့ အိန္ဒိယကားကြည့် ဖြစ်တယ်။ အခွေ ၂ဝကျော် ကြည့်ပြီးတဲ့အထိ ဇာတ်လမ်းကမစရသေးဘူး။ အတော် စိတ်ပျက်စရာပဲ။ ဇာတ်လမ်းက အာသောကရဲ့ ဖခင်ဘုရင်မင်းကြီးက သူ့သားတော်တွေထဲက ဘယ်သူ့ကို ထီးနန်းလွှဲရမလဲဆိုပြီး သားတော်တွေကို အရည် အချင်းစစ်တဲ့၊ စမ်းတဲ့ ဇာတ်လမ်းပါ။ ဘုရင်က သားတော်တွေကို တိုက်ပွဲတွေနဲ့လည်း စမ်းသပ်ပါသေးတယ်။ ဒီတော့ဘာသွားသတိရလဲဆိုတော့ အိန္ဒိယက ” သျှာဟ်ဂျဟာန် ဘုရင် (၁၆၂၇ – ၁၆၅၈)ရဲ့ ထီးမွေပေးဖို့ သား တော်လေးပါးထဲ ကတစ်ပါးရွေးပုံကို သတိရနေတယ်။

မဂိုဘုရင် သျှာဟ်ဂျဟာန်မှာ ဒါရာ၊ သျှူဂျာ၊ မုရာဒ်နဲ့ သြောရန် ဇက်ဗ်ဆိုပြီး သားတော်လေး ပါး ရှိတယ်။ ဒီတော့ မဂိုဘုရင်ဟာ ဘုရင်လောင်းရွေးဖို့ သူ့ရဲ့ပညာရှိ အမတ်ချုပ်ကြီးနဲ့ တိုင်ပင်တယ်။ သားတော်အားလုံးကို မေးခွန်း သုံးခုမေးဖို့ သဘောတူကြတယ်။ မေးခွန်းသုံးခုကတော့ မေးခွန်းတစ်။ ခုတလော ဒီလ္လီမြို့ တော်မှာ ကုလားပဲဈေး ဘယ်လောက် မေးခွန်းနှစ်။ အိန္ဒိယပြည် ဘယ်မြို့ တွေမှာ ဖိနပ်ကောင်းချုပ်သလဲ။ မေးခွန်းသုံး။ သူဟာ ကျေကျေနပ် နပ် ဘယ်သူ့ကို အရှုံးပေးလိုပါသလဲ။ ဒီမေးခွန်းသုံးခုပါ။ အမတ်ချုပ် ကြီးက သားအကြီးဆုံး မင်းသားကြီး ဒါရာကို ဒီမေးခွန်းမေးတော့ မင်းသားကြီးက …

” ဒီလိုအသေးအဖွဲတွေ တစ်ခါ မှ ခေါင်းထဲထည့် မစဉ်းစားဖူးဘူး။ နိုင်ငံရေး၊ တရားဥပဒေ၊ စစ်ရေးစစ်ရာတွေ မေးစမ်းပါ။ အခုချက်ချင်း စွမ်းရည်သတ္တိ ပြနိုင်ပါတယ်”လို့ပဲ ဖြေတယ်။ ဒါနဲ့ အမတ်ချုပ်ကြီးကလည်း ဒုတိယမင်းသားဆီသွားပြီး ဒီမေးခွန်းသုံးစုံ မေးပြန်တယ်။ ဒုတိယမင်းသားကလည်း ….

” ကုန်သည်တွေရဲ့လုပ်ငန်း ကျုပ်ဘယ်သိမလဲ။ ဘုရင်ခံဆိုတာ အုပ်ချုပ်ရေးပဲ နားလည်တယ်။ ကုလားပဲဈေးသိချင်ရင် အစေခံ တစ်ယောက် စုံစမ်းခိုင်းလိုက်ပါလား” လို့ မလေးမခန့် ပြန်ပြောတယ်။ ဒါနဲ့ အမတ်ချုပ်လည်း တတိယသားတော်ဆီ ချီတက်လာရ တော့တာပေါ့။ ဒီမင်းသားကလည်း ” ကုလားပဲဈေးတော့ မသိဘူး။ ပတ္တမြားဈေး၊ စိန်ဈေး၊ ပုလဲဈေးတော့ သိတယ်။ သရဖူကို စိတ်ဝင်စားတယ်။ ဖိနပ်ဈေး စိတ်မဝင်စားဘူး” လို့ ပြန်ပြောလိုက်တယ်။ ဒါနဲ့ပေါ့ အငယ်ဆုံးမင်းသား လေးဆီ ဆက်လစ်ပေါ့။ မင်းသား လေးကတော့ မေးခွန်းသုံးခုလုံး အမတ်ကြီး စိတ်တိုင်းကျ ဖြေလိုက် တယ်။ မင်းသားလေးအဖြေက ..

၁။ ယခုရက်ပိုင်းအတွင်း အာဂရာ မြို့က ကုလားပဲဈေးက တာပံဆေရီ (၄ပိဿာ) ၁၂ပဲ၊ ဒီလ္လီမှာ ၁၁ပဲ၊ ဗီယာနယ်မှာ ၁၃ပဲ၊ လွန်ခဲ့တဲ့ ၁ဝ ရက်လောက်တုန်းက အာဂရာမှာ ၁၁ ပဲ၊ ဒီလ္လီမှာ ၁၂ပဲ၊ ဗီယာနယ်မှာ လည်း ၁၂ပဲ ဈေးပဲရှိပါတယ်။ ၂။ ဖိနပ်အကောင်းဆုံး ချုပ်လုပ်တဲ့ မြို့တွေကတော့ လုဓိယာနာ၊ ကာရ်ပူရ်၊ ဒီလ္လီမြို့တွေဖြစ်ပါတယ်။ ကလကတ္တား၊ မာလဗာရ်၊ ကသ္မီရမြို့ တွေကတော့ ဒုတိယတန်းစား ဖိနပ် တွေ ထွက်ပါတယ်။ ၃။ သူသည် အရည်အချင်း ပြည့်ဝ၍ အကျင့်စာရိတ္တကောင်းမွန်သော သားသမီးကို ကျေကျေနပ်နပ် အရှုံး ပေးလိုပါတယ်”

ဒါပါပဲ။ အာသောက ဇာတ်ကားလည်းကြည့်။ ဒီအဖြေ ၃ ခုကို ဆက်တွေးမိတယ်။ ဒီမဂိုဘုရင်ရဲ့ သားသုံးယောက်ထဲက အငယ်ဆုံး သား ရန်ဇက်ဗ်ဟာ အသုံးကျတဲ့ ဘုရင်ဖြစ်ဖို့၊ အသေးအဖွဲကို စိတ်ဝင် စားတယ်။ မြင်အောင်ကြည့်တတ် လာတယ်။ ကြားအောင်နားထောင် တတ်လာတယ်။ သိအောင် တွေးခေါ် တတ်တယ်။ သူဟာတကယ်အသုံးကျ တဲ့လူဖြစ်လို့ အသုံးကျတဲ့ ဘုရင် အဖြစ် ရာဇဝင်က သက်သေခံခဲ့ပြီ မဟုတ်လော။ ရန်ဇက်ဗ်ဟာ နှိုးပေမယ့် အိပ် နေသူမဟုတ်ဘူး။

စောဘရန်ငြိမ်း


LEAVE A REPLY

Please enter your comment!
Please enter your name here