အချစ်ခံရလား အချစ်မခံရလား မသိဘူး ခင်ဝင့်ဝါ

0
151

Khin-Wint-War-1ဒါရိုက်တာမီးပွား ရိုက်ကူးပုံ ဖော်ထားတဲ့ “ချိုမြိန်သော လက်စား ချေခြင်း” ရုပ်ရှင်ဇာတ်ကားမှာ ဃညေိပ အဖြစ် ပါဝင် သရုပ်ဆောင် ထားတဲ့ ခင်ဝင့်ဝါက ဒီဇာတ် ကားကို ကိုယ်တိုင်ပရိသတ်တစ်ယောက် အနေနဲ့ ပြန်ကြည့်တဲ့ အခါမှာ လိုအပ် ချက် တွေ ရှိနေတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရိုက်ထားတာဖြစ်တဲ့ အတွက် လိုအပ်ချက်တွေ ပိုများ ကြောင်းကို

“ဒီဇာတ်ကားကို ကိုယ်တိုင် ပရိသတ်တစ်ယောက် အနေနဲ့ ခံစားပြီး ကြည့်တဲ့အချိန်မှာ ငါတော်တော် လိုသေး ပါလားဆိုပြီး သိလိုက်ပါတယ်။ ဒီဇာတ် ကားမှာ ကိုစိုင်းနဲ့ ရွှေမှုံတို့က တော်တော် ကောင်းတယ်။ အကုန်ပါဝင်သရုပ် ဆောင်တဲ့ သရုပ်ဆောင်တွေ အကုန် လုံးကောင်းပြီး ငါတစ်ယောက်ပဲ လိုနေသေးတယ်လို့ သိလိုက်ရ တယ်။ လွန်ခဲ့တဲ့ ၂နှစ် က ရိုက် ကူးထား တာဖြစ်တဲ့ အတွက် လိုအပ်ချက်တွေက ပိုများ တာပေါ့။ အခုချိန်လည်း မပြည့်စုံသေးပါဘူး။ အနု ပညာဆိုတာ ဝမ်းစာထည့် မလောက်ပါဘူး။ ညီမ ကြိုးစားပြီးရင်း ကြိုး စားရဦးမှာပါ”လို့ ဆို ပါတယ်။

ဒီဇာတ်ကားမှာ ချစ်သူပေါ် နွဲ့နှောင်း တဲ့ပုံစံလေး လုပ်ရတဲ့ အတွက် မနွဲ့တတ်လို့ သူ့အတွက် တော် တော်လေး အခက် အခဲဖြစ်ကြောင်း ကို “ဒီဇာတ်ကား ရိုက် ကူးတဲ့အချိန်မှာ ညီမ က မနွဲ့နှောင်းတတ် ဘူး။ Free စတိုင်ပေါ့ ပေါ့ပါးပါး ပဲနေတယ်။ အဲဒီလိုဆိုတော့ ကိုယ့်အ တွက် တော်တော်လေး ခက်ခဲတယ်။ ဦးပွား ကိုယ်တိုင်က သရုပ် ဆောင်ပြပြီး  ညီမ ကိုခိုင်းတယ်” လို့ ပြောပါတယ်။

အဆိုပါ ဇာတ်ကားထဲမှာ ခင်ဝင့်ဝါက ချစ်သူကို အရမ်း နား လည်ပေးတဲ့ကောင်မလေး တစ် ယောက်ဖြစ်ပေမယ့် အပြင်မှာတော့ အချစ်ကို ဒီလောက်နားလည် ပေးမှာမဟုတ် ကြောင်းကို ပြောပါတယ်။ ခင်ဝင့်ဝါက အခုလတ် တလောမှာတော့ အချစ်ရေးကိုတော့ “အခုချိန်ထိ ညီမအချစ်ရေး ကတော့ အေးဆေးပါပဲ။ ဒီဇာတ်ကားထဲ မှာတော့ တော်တော်လေး အချစ်ခံ ရပေမယ့် အပြင်မှာ တော့ အလုပ်ကို တစိုက်မတ်မတ် လုပ်နေရလို့ အချစ်ခံရ လား၊ အချစ်မခံရလား မသိဘူး”လို့ ပြောပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here