ကိုယ်လိုချင်တဲ့နေရာ၊ ကိုယ်လိုချင်တဲ့ အောင်မြင်မှုမျိုး မရသေးပါဘူးဆိုသူ ရတနာဗို

0
200

Yandar Bo

ရတနာဗိုက ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ “ကာဗွန်ဒိုင်အောက်ဆိုဒ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ အလင်းရောင်၊ ကျော်ထက်အောင်၊ ဖွေးဖွေး တို့အတူ ပါဝင်သရုပ်ဆောင်ထား ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ ကာရိုက်တာ ၂ မျိုးနဲ့ ပါဝင်သရုပ် ဆောင်ရကြောင်းကို ရတနာဗိုက …

” ပထမက ကိုကျော်ထက် အောင်ရဲ့ညီမလေး။ ရိုးရိုးအေးအေးလေးနဲ့ လုံးဝကို Simple ဖြစ်တယ်။ အစ်ကို နဲ့ မောင်နှမတွေ တအားချစ်ကြတယ်။ အဲဒီအချိန်မှာ နောက် အသတ်ခံလိုက်ရတယ်။ အသတ်ခံ လိုက်ရပြီးတဲ့အခါမှာ သရဲဘဝ၊ ဝိဥာဉ်ဘဝကို ရောက်သွားတယ်။ မောင်နှမနှစ်ယောက်ရဲ့ ချစ်ချင်း မေတ္တာကို ဖော်ကြူးတဲ့အခါမှာ လည်း ပီပြင်အောင် သရဲ၊ ဝိဥာဉ်ဘဝ ရဲ့ ပုံပန်းသဏ္ဍာန်လည်း ပေါ်လွင် အောင် ကြိုးစားပြီး သရုပ်ဆောင်ထားပါတယ်” လို့ ပြောပြပါတယ်။

ရတနာဗိုက အခုနောက် ပိုင်းမှာ ဒရာမာဇာတ်ကားတွေ ပိုရိုက်လာရ တယ်လို့ သိရပါတယ်။ အနုပညာ အရည်အ သွေးတွေနဲ့ ပတ်သက်ပြီး လည်း အရင်ကထက် ပိုကောင်းမွန်လာ အောင် ကြိုးစားနေကြောင်း အခုချိန်ကလည်း ကြိုးစားနေဆဲ အချိန်ဖြစ်တာကြောင်းကို ရတာဗိုက အခုလိုပြောပြပါတယ်။

” ဒီအချိန်မှာ ကိုယ့်မှာရှိတဲ့ အနုပညာနဲ့ အကောင်းဆုံးတော့ ပရိသတ်ကို ကြိုးစားရိုက်ကူးတင် ဆက်နေပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီး အများကြီးတော့ လိုအပ်နေပါသေးတယ်။ အများကြီး လည်း ကြိုးစားရဦးမယ်။ ကိုယ်ရိုက်ထားတဲ့ ဇာတ်ကားတွေကို ပြန်ပြန် ကြည့်ရင်လည်း တစ်ကားနဲ့ တစ်ကား အားမလို၊ အားမရလေးတွေ ဖြစ်မိ တယ်။ သေချာလေးလည်း ကြိုးစားရဦးမယ်။ ကြိုးစားနေတဲ့ အချိန်ပဲ ဖြစ်သေးတဲ့အတွက် ကိုယ်လိုချင်တဲ့ နေရာ၊ ကိုယ်လိုချင်တဲ့ အောင်မြင်မှု မျိုး မရသေးပါဘူး။ အဲဒီအတွက် ကိုယ်ကလည်း ကြိုးစားသွားမှာ ဖြစ် သလို အဓိကကတော့ ပရိသတ်ရဲ့ အကြိုက်နဲ့ တစ်ထပ်တည်းကျတဲ့ သရုပ်ဆောင် ကောင်းတစ် ယောက် ဖြစ်ချင်ပါတယ်” လို့ ပြောပြပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here