ထူးရှားတဲ့ ကာရိုက်တာအသစ်တွေနဲ့ မြင်တွေ့ရအုံးမယ့် နန်းမြတ်ဖြိုးသင်း

0
114

Nan Myat Phyo Thein

လတ်တလောမှာတော့ နန်းမြတ်ဖြိုးသင်းက ဒရာမာဇာတ်ကားတွေ အရိုက်များနေပြီး “ရှင့်ကိုချစ်တယ်”၊ “ဂျုံးဂျုံးကျ” စတဲ့ဇာတ်ကားတွေမှာ ထူးခြားတဲ့ ကာရိုက် တာအသစ် ပုံစံ တွေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒရာမာတွေ ရိုက်ကူးရတာ ၂ဆ ပိုကြိုးစားရပြီး စိတ်နှစ်ပြီးလုပ်ရတဲ့အတွက် စိတ်တော်တော်ထိတယ်လို့ နန်းမြတ်ဖြိုးသင်းက ပြောပါတယ်။

” နန်းမြတ်အခုတလော Strong ဖြစ်တဲ့ပုံစံတွေ ကာရိုက်တာတွေ သရုပ်ဆောင်ရတယ်။ ပုံမှန်ဆိုရင် အသွက်လေးတွေ ရိုက်ရတယ်။ အခုရိုက်နေတဲ့ ဇာတ်ကားတွေဆို ဗီဒီယိုပေမယ့် ဇာတ်အိမ်ကြီးပြီး တော်တော်လေး ရိုက်ယူရတယ်။ အိုက်တင်လည်း တအားလုပ်ရတယ်။ လူလည်း တော်တော်ထိပါတယ်။ ဒီလို ရိုက်ရတာလည်း ဒါရိုက်တာတွေ ကိုယ့်အပေါ် ယုံကြည်မှုပိုတိုးတယ်လို့ ခံစားရတယ်။ ဇာတ်အ ပြင်းတွေလုပ်တဲ့အခါ ဒါရိုက်တာလိုချင်တဲ့ ပုံစံမရောက်ရောက်အောင် လုပ်ရတယ်။ “ရှင့် ကိုချစ်တယ်” ဇာတ်ကားမှာဆိုရင် စိတ်ဓာတ်ပြင်းတဲ့ မိန်းမတစ်ယောက်နေရာက ပါဝင်ရတယ်။ ကိုညီထွဋ်ခေါင်နဲ့ ရိုက်ကူးတဲ့ အခန်းမှာဆိုရင် Actor တွေက Mood အပြည့်နဲ့ ဆွဲခေါ်လိုက်တော့ ပခုံးမှာ နည်းနည်းဒဏ်ရာရသွားတယ်။ လက်လည်းအညိုအမည်း စွဲသွားတယ်။ တခြားသူတွေလည်း ထိခိုက်ဒဏ်ရာရကြပါတယ်”လို့ နန်းမြတ်ဖြိုးသင်းက ပြောပြပါတယ်။

ဆံပင်ပုံစံမျိုးစုံထားရတာ ဆံပင်အရောင်ဆိုးရတာတွေကိုကြိုက်တယ်ဆိုတဲ့ နန်းမြတ်ဖြိုးသင်းက လတ်တလောမှာတော့ ရိုက်ကူးနေတဲ့ ဇာတ်ကားတွေအတွက် ဆံပင်ကာလာ အသစ်တစ်မျိုးပြောင်းထားတယ်လို့ ပြောပါတယ်။

” နန်းမြတ်က ဆံပင် Color ဆိုးရတာကို ကြိုက်တယ်။ ဝါသနာလည်းပါတယ်။ ဆံပင်ပုံစံအသစ်လေးတွေ လုပ်ရင်းနဲ့လည်း ပရိသတ်က ကိုယ့် ကိုသတိထားမိလာကြတယ်။ ဆံပင်ဒီဇိုင်းလေးကိုလည်း စောင့်ကြည့်ကြတယ်။ သူတို့တွေ လက်ခံတဲ့အခါလည်း ပျော်တာပေါ့။ လောလောဆယ်တော့ နန်းမြတ် ပန်းရောင်နဲ့ အညိုရောင်ကာလာလေးကို ဆိုးထားတယ်။ ကာရိုက်တာကလည်း ဟော့ရှော့ပုံစံလေးတွေဆိုတော့ ဆံပင် Color နဲ့လည်းလိုက်သွားတာပေါ့” လို့ ဟော့ရှော့ ဆံပင်ပုံစံအကြောင်း နန်းမြတ်ဖြိုးသင်းက ပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here