နေ့လယ်ခင်းတစ်ခု

0
193

naymyo

ကလေးက အိပ်ပျော်နေသည်။ အခင်းကလေးနှင့်ခေါင်းအုံး ကလေးပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ သူသည် ကလေး ငယ်ကို ယပ်တောင်ဖြင့် ညင်သာစွာ ခတ်ပေးနေသည်။ အချိန်က နေ့လယ် ခင်း။ အသံဗလံတွေ ခေတ္တဗလံတွေ ခေတ္တ မျှ ငြိမ်သက်တိတ်ဆိတ်နေသည်။

တစ်ခါတစ်ရံ လမ်းမတန်းကို ဖြတ်မောင်းသွားသော မော်တော် ကားသံကို ကြားရတတ်သည်။ အင် ဂျင်စက်သံသည် တဖြည်းဖြည်း ဝေး လံတိုးဖျော့သွားသည်။ နေ့လယ် ခင်းသည် ပြန်လည်ငြိမ်သက် တိတ် ဆိတ်သွားပြန်သည်။ ခပ်လှမ်းလှမ်း တစ်နေရာမှ လူနှစ်ယောက်စကား ပြောနေသံကို ကြားရသည်။ ပြီးလျှင် နေ့လယ်ခင်းသည် ပြန်လည် တိတ်ဆိတ်သွားတော့ သည် သာ။ နေ့လယ်ခင်းနေ ပူပူထဲ ကိုဖြတ်၍ အော် သံတစ်ခုကို ကြားရ သည်။ သတင်းစာ စက္ကူတွေ ကျောင်း သုံးဗလာစာအုပ် အဟောင်းတွေ၊ ဒန်တွေ၊ သတ္တုတွေ ဝယ်တယ်ဟူ သော အသံဖြစ်သည်။ အသံ သည်ကြိမ်ဖန်များစွာရွတ်ဆိုခဲ့ သော အသားကျနေသည့်အသံ ဖြစ်သည်။ အဆုံးသတ်ဝယ်တယ် ဟူသော နေရာအရောက်တွင် ဝေဒေ …ဟု ကြားရသည်။ ကလေးငယ် သည် အိပ်ပျော်နေဆဲဖြစ်သည်။ သူသည် ကလေးငယ်ကို ယပ်တောင် ဖြင့် တဖျပ်ဖျပ်ခပ်ပေးနေသည်။ နေ့လယ်ခင်းပူပူထဲတွင် လေပြည်အေး ကလေး တိုက်ခတ်လာလေ့ရှိသည်။ နေ့လယ်ခင်းလေ ပြည်သည် တဖျပ် ဖျပ်ခတ်နေသော ယပ်တောင်ဆီ ရောက်ရှိလာပြီး အိပ်စက်နေသော ကလေးငယ်အား လွှမ်းခြုံကာ တစ် ဖက်သို့ ထွက်ခွာသွားသည်။ သည် အချိန်တွင် သူ့ဇနီးသည် ဈေးရောင်း ရာမှ ပြန်လာသည်။ ဆွဲခြင်း တောင်း ကိုချကာ အိမ်ထဲသို့ ဝင်လာသည်။ ကလေးငယ်သည် မိခင်အိမ်ထဲဝင်လာ သည်နှင့် လူးလွန့်ကာ နိုးလာသည်။ သူ့ဇနီးသည် ကလေးငယ်နှင့်သူ့ အနီး သို့ ရောက်လာသည်။ ကလေးငယ်က အဲ့ခနဲ အသံပေးသည်။ မိခင်သည် ကလေးငယ်ကို ကောက်ယူပွေ့ချီထား ပြီး အင်္ကျီကို ဆွဲလှန်ကာနို့တိုက်လေ သည်။ ကလေးငယ်သည် မိခင်နို့ကို စို့လေ၏။ ဝဲဘက်ရင်သားကို စို့လတ် သော် ယာဘက်ရင်သားမှလည်း နို့ ရည်တို့ တစ်စက်စက်ကျဆင်းကုန်၏။ သူသည် ယပ်တောင်တစ်ချောင်းဖြင့် သားအမိနှစ်ယောက်စလုံးကို ယပ် ခပ်ပေးနေသည်။ ကလေးငယ်သည် မိခင်နို့ချိုကို စို့လျက်။ ယာဘက်ရင် သားကို စို့လတ်သော် ဝဲဘက်ရင်သား မှ နို့ရည်တို့ တစ်စက်စက်ကျဆင်းကုန် လျက်…။ နေ့လယ်ခင်းသည် ခေတ္တမျှ အသံဗလံတို့ တိတ်ဆိတ် ငြိမ် သက်လျှက်။

နေမျိုး


LEAVE A REPLY

Please enter your comment!
Please enter your name here