လက်ထပ်ဖို့ စတင်စီစဉ်နေပြီဆိုတဲ့ Eric

0
199

Eric-Mun-Na-Hye-Mi1Eric က သူရဲ့ ပရိသတ်တွေဆီ သူလက်ထပ်မယ့် အကြောင်းအရာကို အခုလို စာရေးလိုက်ပါတယ်။ “သူဟာ မင်းသမီး Na Hye Mi နဲ့ တွဲနေ တာ ၅ နှစ်လောက် ရှိပါပြီ။ ကွဲလိုက် ပြန်တွဲလိုက် နဲ့ ဖြစ်နေခဲ့ပါပြီ။ ၂ဝ၁၄ ခုနှစ်တုန်းက ချိန်းတွေ့နေတယ် ဆိုတဲ့ သတင်းကို မဟုတ်ဘူး လို့ ငြင်း ဆိုခဲ့တုန်းက တစ်ဦးပေါ် တစ်ဦး ကာကွယ်ဖို့ အတွက်လို့ သိရပါ တယ်။ ၂ဝ၁၇ ခုနှစ်မှာ သတင်းထပ်မံ ထွက်ရှိခဲ့ အချိန်မှာတော့ မင်းသားဟာ ဝန်ခံခဲ့ပါတယ်။

သူတို့ နှစ်ဦးစလုံးက နှစ်ဖက်မိဘတွေနဲ့ အခုထိ မတွေ့ရသေးပါဘူး။ မင်္ဂလာဖိတ်စာ တွေကိုလည်း မစီစဉ်ရ သေးပါဘူး။ ဖိတ်စာကိုတော့ မင်္ဂလာရက်မတိုင်ခင် တစ်လ အလိုမှာ ပို့ပေးဖို့ စီစဉ်မှာပါ။ အခုချိန်ထိ နှစ် ၂ဝလုံး ကျွန်တော်ကို အားပေးခဲ့ပြီး စိုးရိမ်ပေး ခဲ့ကြတဲ့ ပရိသတ် တွေကို အရမ်းကို ကျေးဇူးတင်ပါတယ်”

မင်းသား Eric နဲ့ မင်းသမီး Na Hye Mi  တို့က ၂ဝ၁၇ ဇူလိုင် ၁ ရက်နေ့မှာ ဘုရားကျောင်းမှာ ကျင်းပမယ် လို့သိရပါတယ်။ ဂုဏ်ယူပါတယ် Eric ရေ။


LEAVE A REPLY

Please enter your comment!
Please enter your name here