Love in Trouble အချစ်ဇာတ်ကားမှာ တွေ့မြင်ရမယ့် Ji Chang Wook

0
261

Ji_Chang_Wook_Healerမင်းသား Ji Chang Wook ရဲ့ ချစ်ပရိသတ်တွေ အတွက်  မင်းသားက အချစ်ဇာတ်ကား အသစ်နဲ့ ပြန်လာပါပြီ။ အက်ရှင် ဇာတ်ကားတွေ ကိုပဲ ဆက်တိုက် ရိုက်ကူးနေတဲ့ မင်းသား Ji Chang Wook ဟာ ဒီတစ်ခါမှာတော့ အချစ် ဇာတ်လမ်းလေးနဲ့ ထပ်မံ ရောက်ရှိလာတာပါ။ Love in Trouble အမည်ရတဲ့ အချစ် ဇာတ်ကားကို မင်းသမီး Nam Ji Hyun နဲ့ တွဲဖက် ရိုက်ကူးမှာဖြစ်ပြီး မင်းသား Ji Chang Wookု ဟာ အောင်မြင်တဲ့ ရှေ့နေအဖြစ် ပါဝင်မှာပါ။

မင်းသမီး Nam Ji Hyun ကတော့ စိတ်ထားကောင်းပြီး အကောင်းမြင်စိတ် ရှိတဲ့ အလုပ်သင် ရှေ့နေမလေး Eun Bong Hee  အဖြစ်ပါဝင်မှာ ဖြစ်ပါတယ်။ သူတို့ဟာ အမှုတစ်ခုကို လိုက်ရင်း လူသတ်သမားရဲ့ ပြစ်မှတ် ဖြစ်သွားတဲ့ အချိန်မှာတော့  အသက် အန္တရာယ်က လွတ်မြောက်အောင် ကြိုးစားကြပုံက စိတ်ဝင်စားစရာ ကောင်းတာမို့  ပရိသတ်  စောင့်ကြည့်ကြဖို့ မမေ့နဲ့နော်။ မေလ ၁ဝ ရက်နေ့ ၂ဝ၁၇ တွင် စတင် ပြသတော့မယ်လို့ သိပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here