KBS ရုပ်သံလိုင်းမှာ ထွန်းကိုကို ရဲ့ တစ်နေ့တာအနုပညာ လှုပ်ရှားမှု ပုံရိပ်တွေကို လာရောက် ရိုက်ကူး

0
236

TunKoမော်ဒယ် သရုပ်ဆောင် ထွန်းကိုကို ကို ကိုရီးယားရဲ့ နာမည်ကျော် ရုပ်သံ လိုင်း တစ်ခုဖြစ်တဲ့ KBS ရုပ်သံလိုင်းကနေ သူ့အနုပညာ လှုပ်ရှားမှု ပုံရိပ် များကို မေလ ၁၇ရက်နေ့က လာရောက် ရိုက်ကူးခဲ့ပါတယ်။ အခုလို ရိုက်ကူးဖြစ်ခဲ့ပုံ ကိုတော့ ထွန်းကိုကိုက…

“Face of Myanmar ကပြိုင် ပွဲများကို လာရောက် ရိုက်ကူးရင်းနဲ့ ကျွန်တော်ကလည်း 2013 ခုနှစ်က Face of Myanmarပြိုင်ပွဲမှာ ဆုရခဲ့တယ်လေ။ အဲဒါနဲ့ ကျွန် တော့် ရဲ့  တစ်နေ့တာ လှုပ်ရှားမှု ပုံရိပ်တွေကို လာရိုက်တာ ပါ။ အဲဒီနေ့ ကတော့ ပွဲသွားပွဲလာ ပုံရိပ်တွေနဲ့ ကျွန်တော့် ရဲ့တစ်နေ့တာ လှုပ်ရှားမှုတွေကို ရိုက်ကူး သွားပါတယ်။ ဒီရိုက်ကူးမှုကို  KBS ရုပ်သံလိုင်းမှာ ပြန်လွှင့်မယ် လို့လည်း သိရပါတယ်” လို့ပြောပြပါတယ်။ အခုလို ကိုရီး ယားရုပ်သံ လိုင်းကနေ ရိုက်ကူးရေး လုပ်တဲ့အတွက် ဝမ်းသာပီတိ ဖြစ်ရပုံ ကိုလည်း ထွန်းကိုကိုက…

“တကယ့်ကို နိုင်ငံတကာ အဆင့်မီတဲ့ ရုပ်သံ လိုင်းက လာရိုက်တယ်ဆိုတော့ ဂုဏ်ယူပါတယ်။ အရင် တုန်းကလည်း Arirang ရုပ် သံလိုင်းကနေ လာရိုက်ဖူး သေးတယ်။ ဒါက KBS က လာရိုက်တာ ဒုတိယအကြိမ် ပေါ့နော်။ ပြီးတော့ ဒီနှစ် Korea Model Association ကနေ ကျင်းပတဲ့ ပွဲကိုလည်း တတ်ရောက်ဖို့ နဲ့ သူတို့ဘက်ကနေ ကျွန်တော့်ကို ဆုတစ်ခု ချီးမြှင့်ဖို့ ရှိတယ် ဆိုပြီး ဖိတ်ထားပါတယ်။ ပွဲကတော့ ၆ လ ပိုင်းလောက် လုပ်မှာပါ” လို့ပြောပြခဲ့ပါတယ်။

အခုလတ်တလောမှာတာ့ ထွန်းကိုကိုက ဒါရိုက်တာ စတီးလ် (ဒွေး မေတ္တာ) ရိုက်ကူးနေတဲ့ “လမ်းကြောင်း” ရုပ်ရှင်ဇာတ်ကားကို မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေရဲ၊ ဇင်ဝိုင်း၊ ရွှေသမီး၊ မေမြင့်မိုရ် တို့နဲ့ ပါဝင် ရိုက်ကူးနေပါတယ်။

ဇင်မာနွယ်၊
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here