ဆယ်တန်းပြန်ဖြေဖို့ ကြိုးစားနေတဲ့ ငွေမှုံရတီ

0
313

Ngwe-Hmone-Yatiအခု လတ်တလောမှာ ငွေမှုံရတီက နေဒွေး နဲ့အတူ ဇာတ်ကား ရိုက်ကူးနေပြီး ၂ဝ၁၇ခုနှစ် တက္ကသိုလ် ဝင် စာမေးပွဲကို ပြန်ဖြေဆိုဖို့ ကြိုးစားနေတယ် လို့ သိရပါတယ်။ ဆယ်တန်းအောင်ဖို့ ဘဝနဲ့ရင်းပြီး သတ်မှတ် ထားပေမယ့် ဆယ်တန်း အောင်ချင်တဲ့ အတွက် စာကို ပြင်းပြင်းထန်ထန် ကြိုးစားမယ့် အကြောင်းကို ..

“ညီမ အခုကိုနေဒွေးနဲ့ ရိုက်ကူးနေတယ်။ ညီမကား ရိုက်မရှိတဲ့ ရက်တွေမှာ ကျောင်းတက်ပြီး စာကြိုးစား နေပါပြီ။ ညီမက ဆယ်တန်းကို ဘဝနဲ့ရင်းပြီး တော့လည်း မမှတ်ထားပါဘူး။ ညီမဆယ် တန်းအောင်အောင် စာကိုပြင်းပြင်း ထန်ထန် ကြိုးစားမယ်။ စာမေးပွဲ အောင်အောင်ဖြေမယ်။ အမေ ကလည်း ဒီနှစ်ကို အောင်မြင် အောင်နောက်ဆုံး ဖြေစေချင် တယ်။ ပရိသတ် စိတ်မပျက် အောင် ညီမကြိုးစား သွားချင် တယ်” လို့ ဆိုပါတယ်။

အနုပညာရှင်လည်း ဖြစ် ချင်သလို ပညာတတ် တစ် ယောက်လည်း ဖြစ်ချင်တဲ့ ငွေမှုံ ရတီက…”ညီမက အနုပညာရှင် လည်း ဖြစ်ချင် တယ်။ ပညာတတ် တစ်ယောက်လည်း ဖြစ်ချင်တယ်။ ဒါကြောင့် နှစ်ခုစလုံး ကို မျှအောင် ကြိုး စားသွားမှာပါ။ ဒီနှစ် ဖြေဆိုမယ့် သူတွေ အားလုံးက ငွေမှုံထက် ဥာဏ်ကောင်းတဲ့ သူတွေ လည်းရှိတယ်။ သူ့နည်း သူ့ဟန်နဲ့ အကုန်လုံး ရှိကြတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ စာ ကို အရမ်းကြီး ဖိမလုပ်စေချင်ဘူး။ ငွေမှုံက လည်း စာကို ဖိမလုပ်ဘူး။ ပုံမှန်လေး အချိန် ပေးပြီး ကြိုးစားနေပါတယ်” လို့ ငွေမှုံက ပြော ပါတယ်။

ငွေမှုံရတီက ခရီးထွက် ရတာ ဝါသ နာပါပြီး ခရီးထွက် ဖြစ်တဲ့အခါ သူအဓိက လေ့လာဖြစ်တဲ့ အကြောင်း ကိုတော့..

“ညီမက ငယ်ငယ်ကတည်းက ခရီးထွက်ရတာ ကြိုက်တယ်။ ညီမ နိုင်ငံခြား ထွက်တဲ အခါ အဓိကလေ့ လာဖြစ်တာကတော့ ဖက်ရှင်။ သူတို့ နေထိုင်ပုံ၊ ရှုခင်းတွေကို လေ့လာ ဖြစ်တယ်။ ဒီနှစ်မှာတော့ ညီမ အပျော်ခရီးတွေ မထွက်တော့ဘူး။ ၁ဝတန်း စာမေးပွဲပြီးရင်တော့ အတိုးချပြီး ခရီးထွက်မယ်”လို့ ဆိုပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here