တေးစီးရီးထွက်ခါနီး မုန်တိုင်းဝင်မှာ ကြောက်နေတဲ့ ဝိုင်းစုခိုင်သိန်း

0
287

winesuဝိုင်းစုခိုင်သိန်းက သီချင်း ၆ပုဒ်ပါဝင်တဲ့ “မယ်သီတာ” mini album ကို ဇွန်လကုန်လောက်မှာ ထွက်ရှိဖို့စီစဉ်နေ ပါတယ်။ ခေါင်းစဉ်ဆန်းဆန်း လေးတွေပေးတတ်တဲ့ ဝိုင်းစုခိုင်သိန်းက “မယ်သီတာ” ဆိုတဲ့နာမည်က ဆန်းတဲ့ အတွက် နာမည် ပေးလိုက်တာပါလို့ ပြောပါတယ်။ ဒီအခွေကို အကောင်း ဆုံး ကြိုးစား ထားကြောင်းကို ဝိုင်းစုခိုင်သိန်းက “မယ်သီတာ သီချင်းက ဝေယံ ရေးပေးထားတဲ့ သီချင်း ပါ။ သူပဲတီးခတ်ထားတယ်။ အခု နောက်ပိုင်းတေးရေး ဆရာအသစ်တွေ ထဲမှာ သူတော်တော်လေး တော်တယ်။ သူ့စာသားတွေ လည်း ကောင်းတယ်။ တီးထားတဲ့ အတီးထဲမှာ ဗုံသံလေးတွေလည်း ပါတယ်။ မြူးဇစ် ၂ခု ရောထားတဲ့ ပုံစံပေါ့။ ဒီအခွေက သီချင်းတွေ တော်တော်လေး ရွေးထား တယ်။ တစ်ပုဒ်မှ မလျှော့ထားဘူး။ အရင်တုန်းကလည်း မလျှော့ပါဘူး။ ဒါပေမဲ့ ဒီအခွေကို ပိုအားရ တယ်။ ပြီးတော့ ဒီအခွေ တစ်ခွေလုံးကို ဝိုင်းစု ကိုယ်တိုင် ဟာမိုနီလိုက်ထားပါတယ်” လို့ပြော ပါတယ်။ ဒီအခွေမှာ အဆိုတော် အောင်လက “အသည်းခွဲမိုး” နဲ့ “အနားမှာရှိရင်” သီချင်းများကို ရေးသားပေးထားပြီး “အနားမှာရှိရင်” သီချင်းကိုတော့ စုံတွဲ သီဆိုထားကြောင်း ပြောပါတယ်။ အောင်လက မြူးဇစ်ပိုင်း မှာ ပံ့ပိုးပေးကြောင်း ကိုတော့ ဝိုင်းစုခိုင်သိန်းက “အဓိက တော့ ကိုအောင်လ သင်ပေးတာလည်းပါတယ်။ ဘယ် နေရာ ဘာဆိုဆိုပြီး သူ guide line ချပေးတယ်။ တချို့သီချင်းတွေကျရင် ဘယ်လိုမုဒ် နဲ့ဆိုရမယ် ဘယ် ဟာနဲ့ ပိုပြီးသင့်တော်မယ် ဆိုတာကို သင်ပေးပါ တယ်” လို့ ပြောပါတယ်။

ဝိုင်းစုခိုင်သိန်းက အခု “မယ်သီတာ” mini album ကို မိုးရာသီမှာ ဖြန့်ချိရမှာဖြစ် တဲ့အတွက် စိုးရိမ်ပူပန်မှုတွေလည်း ရှိနေကြောင်းကိုလည်း

“မိုးရာသီက အရင်တုန်း ကလည်း ကြုံဖူး တယ်။ အရှေ့မှာ ကိုယ့်ညီအစ်ကို မောင် နှမတွေလည်း အခွေထွက်ရင် မုန် တိုင်းဝင်သွားတာ တို့ရှိတော့ အဲဒီ လိုမျိုးဖြစ်မှာ ကြောက်တယ်။ ဟိုရက်ပိုင်းက မုန်တိုင်းဝင်မယ် ဆိုပြီး သတင်းကြားတော့ ငါ့ အခွေ ထွက်ခါနီး မုန်တိုင်းဝင် ရင်တော့ ပြသာနာပဲပေါ့။ ဒီ အခွေက တော်တော်လေး ကြိုးစားထားတယ်။ အား လည်းအားရတယ်။ ဝိုင်း စုရဲ့ ရင်းနှီးတဲ့ပရိသတ် တွေကို ပြလို့ရှိရင် တစ် ခေါက် ဖွင့်ပြလိုက်တာနဲ့ သူတို့ အရမ်း ကြိုက်ကြ တယ်။ အကယ်၍ မုန်တိုင်း ဝင်ခဲ့မယ်ဆို ရင်တောင် ပရိသတ် တွေ ကြိုက်ကြမယ် လို့ ထင်ပါတယ်” လို့ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here