၂ဝ၁၇-၂ဝ၁၈ သင်ရိုးညွှန်းတမ်းတွင် အနုပညာကိုပါ ထည့်သွင်းထားသည့်အတွက် ဝမ်းမြောက်မိကြောင်း သဘင်မင်းသားကြီး ဦးနန်းဝင်း

0
238

nan win

သဘင်မင်းသားကြီး ဦးနန်းဝင်းက အခုလက်ရှိမှာတော့ သံလွင်ပုဂ္ဂလိက အလယ်တန်းကျောင်းမှာ အနုပညာရပ်ဆိုင်ရာများကို KG တန်းမှ အဌမတန်းအထိ ကျောင်းသား၊ ကျောင်းသူများးကို သင်ကြား ပြသပေးလျက်ရှိနေပါတယ်။ကလေး တွေကို တော့စည်းဝါးနရီပိုင်း ကစပြီးကဗျာလွတ်၊ ဇာတ်စာ၊ ဇာတ်စကား ၊အော်ပရာ၊ ပြဇာတ်၊ ပတ်ပျိုး၊ ယိုးဒယား၊ သီချင်းကြီး သီချင်းခန့်စတဲ့ပညာရပ်တွေကို သင်ကြားပေးနေတာ ပဲဖြစ်ပါတယ်။

” ကလေးတွေက တော်တော် လေးဝါသနာပါကြတယ်။ သူတို့အရွယ်လေးနဲ့လိုက်တာလေးတွေကိုအဓိကထားသင်ပေးရတယ်။ စည်းဝါး နရီဆိုတာကတော့ အရွယ်သုံးပါး စလုံးသင်ရတာပေါ့။အခုဟာက မှုကြိုရယ်၊ မူလယ်ရယ်၊ မူလတ်ရယ်ပေါ့။ KG ကနေ လေးတန်းလောက် အထိကတော့တစ်ဆင့်ပေါ့။ ၅တန်းကနေ ၈တန်းလောက် အထိကတော့ တစ်ဆင့်ပေါ့။ သင်ရိုးညွှန်းတမ်းချင်းကတော့မတူဘူးပေါ့။ အရွယ်နဲ့ အလိုက် သင်ရိုးညွှန်းတမ်းခွဲထားပါတယ်” လို့သင်ကြားပေးရတဲ့ အပိုင်းနဲ့ ပတ်သက်ပြီးဦးနန်းဝင်းက ပြော ပါတယ်။

မြန်မာ့သဘင်အနုပညာကို ကလေးတွေစိတ်ဝင်စားလာအောင် ၂ဝ၁၇-၂ဝ၁၈ သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းထားသည့်အတွက် ဝမ်းမြောက်မိကြောင်းလည်း သူက ဆိုပါတယ်။ ” မြန်မာ့ ရိုးရာအနု ပညာဆိုတာ တိမ်မြုပ်သွားလို့ မရပါဘူး။ ယဉ်ကျေးမှု ပျောက်ရင်လူမျိုးပါ ပျောက်သွားမှာစိုးတဲ့အတွက် မြန်မာ့ ရိုးရာအနုပညာတွေကိုသင်ကြားဖို့ သင်ရိုး ညွှန်းတမ်းမှာပါတဲ့အတွက် ကျေနပ်မိတယ်၊ ဝမ်းမြောက်မိတယ်။ ဇာတ်သဘင် မင်းသားကနေပြီးတော့ အခုဆိုရင် ကျောင်းဆရာတစ်ပိုင်း ဖြစ်နေတာပေါ့” လို့ ဦးနန်းဝင်းက ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here