ပြေတီဦးပညာရေးဖောင်ဒေးရှင်းမှ ရုပ်ရှင်လောကသားများရဲ့ ရင်သွေးငယ်များအတွက် ဗလာစာအုပ်များလှူဒါန်း

0
255

PTO 3

ပြေတီဦးပညာရေး ဖောင်ဒေးရှင်းမှ ရုပ်ရှင်လောက သားများရဲ့ရင်သွေးငယ်များ ပညာသင်အ ထောက်အပံ့ဖြစ်စေရန်အတွက် ကျောင်းသုံးဗလာစာအုပ် ဒါဇင် ၃ဝဝ အားလည်းကောင်း၊ ဒေါက်တာ ဥာဏ်လင်းဦးနှင့် ဒေါက်တာ ငွေတီဦး (Silver Egg Production) တို့မှ စာရေးကိရိယာပစ္စည်းအစုံ ၂ဝဝ တို့ကို မေလ ၂၄ရက်နေ့ မနက်၉ နာရီက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာသွားရောက် လှူဒါန်းခဲ့ပါတယ်။ ကလေးငယ်တွေရဲ့ ပညာရေးအတွက် လှူဒါန်းဖြစ်ခဲ့ပုံကို သရုပ်ဆောင် ပြေတီဦးက…

PTO 2

” အစ်ကို တို့ နှစ်စဉ်နှစ်တိုင်း အမြဲတမ်းလှူဖြစ်ပါတယ်။ အစ်ကို တို့ဖောင်ဒေးရှင်းကနေပြီး ရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်လောကသား ကလေးတွေသားသမီးတွေအတွက်ကို ဗလာစာအုပ်တွေလှူတာပါ။ အစ်ကို့ ညီမ ငွေတီဦးတို့ လင်မယား ကလည်း စာ ရေးကိရိယာတွေလှူပါ တယ်။ ဝမ်းသာပါတယ်။ လှူတာက ဘယ်မှာ ပဲ လှူလှူ၊ ဘယ်နေရာပဲ လှူလှူ၊ လှူနေရရင်ကိုဝမ်းသာပါတယ်” လို့ ပြောပါတယ်။ ပြေတီဦးပညာရေး ဖောင်ဒေးရှင်းမှ ပညာသင်စရိတ် အခက်အခဲဖြစ်နေတဲ့ ဆေးတက္က သိုလ်၊ စက်မှုနည်းပညာတက္ကသိုလ် နှင့်ဥပဒေဘာသာရပ်တို့အသီးသီး တက်ရောက်ကြမယ့် ကျောင်းသား၊ ကျောင်းသူများကို နှစ်စဉ်ပညာသင် ထောက်ပံ့ကြေးများ ပေးအပ်လျက်ရှိ ပါတယ်။ ပြေတီဦးပညာရေးဖောင် ဒေးရှင်းကို ဆက်သွယ် ချင်ရင်တော့ အမှတ် (၃၁၁)၊ ပထမထပ်(ဝဲ)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ၃၅လမ်း ထောင့်၊ (၂)ရပ်ကွက်၊ ကျောက် တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ဝ၁- ၂၅ဝ၂၄၇၊ ဝ၁- ၃၈ဝဝဝ၇ သို့ဆက် သွယ်စုံစမ်း နိုင်မှာဖြစ်ပါတယ်။

P-060


LEAVE A REPLY

Please enter your comment!
Please enter your name here