ရန်ကုန်မြို့မှာ နေပေမယ့် လုံခြုံတယ်လို့ မခံစားရဘူး ဇာဂနာ

0
148

zaganar

စက်တင်ဘာလထဲမှာ ကျင်းပမယ့် မြန်မာ့ဒီမိုကရေစီ ရုပ်ရှင် ရက်သတ္တပတ်မှာ ပြသမယ့် “သရာစေထိ” ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ အောင်လွင်က ရိုက်ကူးမှာဖြစ်ပြီး ဒီဇာတ်ကားရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းက မောင်သူရ (ခေါ်) ဇာဂနာပါ။ ဒီဇာတ်ကားမှာ ငြိမ်းချမ်း ရေးနဲ့ ပတ်သက်တာတွေ ပါဝင်သလို လက်ရှိအချိန်မှာလည်း နိုင်ငံတော်က ငြိမ်းချမ်းရေးအတွက်အထူးကြိုးပမ်းဆောင်ရွက်နေချိန် ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဦးသူရ ဘယ်လိုမြင်လဲလို့ မေးတဲ့အခါ…

” ကျွန်တော်ပဲဖြစ်ဖြစ်၊ ခင်ဗျား ပဲဖြစ်ဖြစ်၊ မောင်ဖြူပဲဖြစ် ဖြစ်၊ မဖြူပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ မျက်စိနှစ်လုံးပိတ်ပြီး အိပ်လိုက်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် လုံလုံခြုံခြုံ အိပ်ရပြီလို့ ယုံကြည်ပြီလား။ သို့တည်းမဟုတ် ကျွန်တော်တို့ မျက်စိ နှစ်လုံးဖွင့်မိလိုက်တဲ့ အချိန်မှာ ငါတို့ ဘဝ၊ ငါတို့နေထိုင်တဲ့အခြေအနေလုံခြုံပြီလို့ ယုံကြည် စိတ်ချရပြီလား။ အဲဒါဆိုရင် ငြိမ်းချမ်းတယ်။ ကျွန်တော် တစ်ယောက်တည်း သဘောကိုပြောရရင် ရန်ကုန်မြို့မှာ ကျွန်တော်နေပေမယ့် ညအိပ်အိပ်၊ မနက်အိပ်ရာထထ ကိုယ့်ကိုယ်ကိုယ် လုံခြုံတယ်လို့ မခံစာ့းရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အချိန်မရွေး ပြဿနာတက်နိုင် တယ်။ ဆိုတော့ အဲဒီလိုဘဝမျိုးနဲ့ ကျွန်တော် တို့နေရတာ ဟာ ရန်ကုန်ကမို့လို့ မဟုတ်ဘူး။ မန္တလေးမှာပဲဖြစ်ဖြစ်၊ မိတ္ထီလာမှာပဲဖြစ်ဖြစ်၊ ကချင်ပြည်နယ်မှာပဲဖြစ်ဖြစ်၊ ဘယ်မှာပဲဖြစ်ဖြစ် အဲဒီလို မလုံမခြုံတဲ့ ဘဝနဲ့ နေထိုင်ရတယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်ဟာ ငြိမ်းချမ်းတယ်လို့ကို ပြောလို့မရဘူး။ ကျွန်တော်ဖြစ်စေချင်တာ အဲဒါလေး တစ်ခုသိသွားရင် ကျေနပ်တယ်။ အဲဒါအရေးမကြီးဘူးလို့ ထင်တဲ့သူ ကျွန်တော်တို့တိုင်းပြည်မှာ ၈ဝ ရာခိုင်နှုန်းရှိတယ်” လို့ ဇာဂနာက ပြောပါတယ်။

ရုပ်ရှင်ဆင်ဆာအဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ဇာဂနာကို သိပ် မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးမှာ ဘာတွေထူးခြားခဲ့ သေးသလဲလို့ ဆက်လက်မေးမြန်းခဲ့တဲ့အခါ …

” ဆင်ဆာနဲ့ ပတ်သက်လို့ ကျွန်တော်တို့အားလုံး ရုပ်ရှင်လောကသားများနဲ့ရော၊ ပြည်ထောင်စုဝန်ကြီး နဲ့ရော၊ အဖွဲ့အစည်းအသီးသီးနဲ့ရော ညှိနှိုင်းပေးတယ်။ အဲဒါရဲ့ အောင်မြင်ချက်တစ်ခုက ဘာလဲဆိုတော့ အဲဒီ အစည်းအဝေးကပဲ စာထွက်တယ်။ ဝန်ကြီးကိုယ်တိုင် ကလည်း လက်မှတ်ထိုးပေးတယ်။ အဲဒါက ဘာလဲဆို တော့ ရုပ်ရှင်ကိုလုံးဝ ဆင်ဆာမဖြုတ်ဘူး။ သို့သော် ရိုက်ကူးတဲ့လူကတော့ တာဝန်ယူရမယ်။ ကျွန်တော်တို့ ရုပ်ရှင်လောက ဖန်တီးသူများပေါ့။ ဒါရိုက်တာပဲဖြစ်ဖြစ်၊ ထုတ်လုပ်သူပဲ ဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ်၊ တာဝန်ယူသွား၊ တာဝန်မယူနိုင်ရင် အစကတည်းက မရိုက်ကူးနဲ့။ ရုပ်ရှင်လောကသားတွေက ဒီလိုတောင်းဆိုတာလေ။ ဒီလိုတောင်းဆိုတဲ့အတွက် ဒီလိုပေးလိုက်တာပေါ့” လို့ သူကပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here