မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ပွဲတော်မှာ ပြသမယ့် ရုပ်ရှင်ဇာတ်ကား

0
224

IMG_2292လမင်းတစ်ရာ ရုပ်ရှင်ထုတ် လုပ်ရေး ကနေ ဒါရိုက်တာ ဘကြီး အောင် (စံရွှေမောင်)ရိုက်ကူးမယ့် “သရာစောထိ” ရုပ်ရှင်ဇာတ်ကားဟာ စိတ်ဝင်စားဖို့ ကောင်းသလို၊ ပြည်သူတွေအတွက် အကျိုးရှိစေ မယ့် ဇာတ် ကားတစ်ကားဖြစ်ပါတယ်။ ပါဝင်မယ့် သရုပ်ဆောင်တွေက အကယ်ဒမီထွန်းထွန်း၊ ယု သန္တာတင်၊ ယဉ်လက်၊ နေဆန်းနဲ့ အနုပညာ ရှင်များစွာပါ။ ဒီဇာတ်ကားရဲ့ဇာတ်လမ်း၊ ဇာတ် ညွှန်းက တော့ မောင်သူရ(ခေါ်) ဇာ ဂနာရေးသား ထားတာဖြစ်ပြီး သူက..

“ကျွန်တော်တို့ မြန်မာ့ဒီမိုကရေစီ ရုပ်ရှင် ရက်သတ္တပတ် ဆိုတာ ပြန်ကြားရေး ဝန်ကြီးဌာန၊ ဆရာဖေမြင့် ခေါင်းဆောင်ပြီးတော့ ဒီအစီအစဉ်ကို စက်တင်ဘာ ၁၅ရက် နေ့ကနေ ၂၁ရက်နေ့အထိ နိုင်ငံ တစ်ဝန်းလုံးမှာ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ ပြုလုပ်မယ့် ပွဲတော်ကြီးပါ။ အရှေ့တောင်အာရှမှာ ပထမဦးဆုံးပြုလုပ်တဲ့ ရုပ်ရှင် ရက်သတ္တပတ်ပါ။ အဲဒီရက်သတ္တပတ်မှာ ကျွန်တော်တို့ ပါဝင်ခွင့်ရတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ ပျော်လည်း ပျော်ပါတယ်။ ဂုဏ်လည်း ယူပါတယ်။ ဒီမှာရုံတင်ပြ သမယ့် ရုပ်ရှင်ဇာတ်ကားတွေ လည်းပဲ အပြိုင် အဆိုင်စီစဉ်နေကြပါပြီ။ ဒီရုပ်ရှင်ဇာတ်ကားတွေ ကို တစ်နိုင်ငံလုံးက ကြည့်ရှုပြီးသွားတဲ့ အခါမှာ လည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ တိုင်းပြည် ဖွံ့ဖြိုးရေးဟာ ဘယ်လောက် အရေး ကြီးသလဲ ဆိုတာ ပေါ်လွင်သွားခဲ့တယ် ဆိုရင်ပဲ ဒီပွဲ တော်မှာ ကျွန်တော်တို့ ပါဝင်ရတာဟာ အတိုင်း မသိဝမ်း မြောက်ဖို့ကောင်းပါတယ်။ ဒီ့အတွက် ကြောင့် “သရာစောထိ”ကို အားပေးကြ မယ့် ပရိသတ် ရော၊ ဖန်တီးကြမယ့် အနုပညာရှင် များရော ပါဝင် သရုပ်ဆောင်ကြမယ့် အနုပညာရှင် များရော အားလုံး ကို ကျေးဇူး တင်ပါတယ်” လို့ သရာစောထိ ရုပ်ရှင်ဇာတ် ကားနဲ့ ပတ်သက်ပြီး ပြောပါတယ်။ စီစဉ်သူ မမီးသီးကလည်း “သရာစောထိ” ဇာတ် ကားဖြစ်တည်လာရခြင်း အကြောင်းကို…

“ကျွန်မတို့ ၂ဝ၁၆ခုနှစ် မှာ ဦးဇာ ဂနာရယ်၊ ဦးအောင်လွင်ရယ်၊ ကျွန်မရယ် သံတောင်မြို့ကို အလည်သွားခဲ့တယ်။ ကျွန်မအရမ်း စိတ်ဝင်စား သွားတာ ဘာလဲဆိုတာ့ သူတို့မြို့မှာ ထွက်ရှိတဲ့ ဖာလာသီးဟာ သူတို့ မသုံးရဘဲနဲ့ တရုတ်ပြည်ကို ရောင်း တယ်။ နောက်ပြီး အဲဒီအသီးကနေ မိုင်းတွေလုပ်တယ်။ အဲဒါ အတွက်ကြောင့်မို့လို့ ဒေသခံတွေ ဒုက္ခရောက်ရတယ်။ အဲဒီ အကြောင်း တွေကို ကြားရတဲ့ အချိန်မှာ ကျွန်မတို့ သံတောင် ကနေပြန်လာတဲ့ အချိန်မှာ ဒီဇာတ်လမ်းတွေကို ရုပ်ရှင်အဖြစ် ဖန်တီးရင်ကောင်းမယ် ဆိုပြီး စိတ် အားထက်သန်ခဲ့ကြတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီအချိန်မှာ ရုပ်ရှင် ဒီမိုကရေစီ ရက်သတ္တပတ် ပွဲတော် အတွက် ဇာတ်လမ်းတွေကို သတင်းစာ က နေ ကြေညာတော့ကျွန်မတို့ က ဝင်ပြိုင်လိုက် တယ်။ အဲဒီ ပြိုင်ပွဲလေး ကိုဝင်ပြိုင်လိုက်တဲ့အတွက် ဒီဇာတ်လမ်းလေးဟာ ရုပ်ရှင်အဖြစ်ကို အမြန်ဆုံး အကောင်အထည်ဖော်ဖြစ်သွားတာပေါ့ နော်”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here