ကျန်းမာရေး ပြန်လည် ကောင်းမွန် လာတာကြောင့် ဇာတ်ကားတွေ ပြန်ရိုက်ကူးသွားမယ့် ကင်းကောင်

0
659

Kin-Kgဒီဇင်ဘာလမှာ အစာပြွန် ဝေဒနာကြောင့် ဆေးရုံတက်လိုက်ရ တဲ့ ဟာသသရုပ်ဆောင် ကင်းကောင် က အခုအချိန်မှာတော့ ကျန်းမာရေး ပြန်လည် ကောင်းမွန် လာပြီဖြစ်ပါ တယ်။ ကျန်းမာရေး ကောင်းမွန်လာ ပေမယ့်လည်း တစ်လတစ်ခါ ဆေး ခန်းပုံမှန်ပြနေ ရကြောင်း ကိုကင်း ကောင်က

“ကျန်းမာရေး ကောင်းလာပါပြီ။ ရင်ထဲမှာဖြစ်တဲ့ ဝေဒနာကြောင့် အကြီးအမားကြီးတော့ မခံစားရဘူး။  အစာပြွန်ပိတ်တဲ့ အတွက်ကြောင့် စားတဲ့ အစာတွေ ပြန်အန်တာဆို တော့ တစ်ပတ်၊ နှစ်ပတ်လောက် ခံရ တယ်။ ခွဲလိုက်မှ ပျောက်သွားတာ။ အခုတစ်လ တစ်ခါ ဆေး ခန်းပြနေရ တယ်။ ပရိသတ်တွေက ကျွန်တော် ဆေးရုံ တက်တဲ့အခါမှာ အရမ်းစိုးရိမ် ပေးကြတဲ့ အတွက် ကျေးဇူးလည်း အရမ်း တင်ပါတယ်”လို့ ပြောပါတယ်။

ကျန်းမာရေး အခြေအနေ ကြောင့် ဇာတ်ကား ရိုက်ကူးမှုတွေ ၅လကြာ ရပ်နားထားတဲ့ ကင်းကောင် က ဇာတ်ကားတွေ ပြန်လည် ရိုက်ကူး တော့မှာ ဖြစ်ပါတယ်။ လတ်တလော မှာတော့ ဒါရိုက်တာ မောင်လွင်ရိုက် ကူးမယ့် “သရာစောထိ” ရုပ်ရှင် ဇာတ်ကားကြီးမှာ ခရစ်ယာန် ဘုန်း ကြီးအဖြစ် ကင်းကောင်က ပါဝင် သရုပ်ဆောင် မှာဖြစ်ပါတယ်။ ဇာတ် ကားတွေ ပြန်လည် ရိုက်ကူးသွားမယ့် အကြောင်းကို ကင်းကောင်က

“ဇာတ်ကားတွေ ပြန်လည်ရိုက် ကူးသွားပါတယ်။ ဆရာဝန်တွေက ပင်ပန်းတဲ့ အရာတွေ မလုပ်စေချင် သေးဘူး။ ဒါပေမဲ့ ကိုယ်တို့က ဒီအနုပညာဝါသနာ ပါတာဆိုတော့ ကားပြန်ရိုက် ချင်တာပေါ့။ ကြားထဲမှာ လည်း ဇာတ်ကားတွေ ပြန်ရိုက်ကူး ထားပါတယ်။ ဇာတ်ကားတွေ ပြန် ရိုက်ကူးချင်ပါတယ်” လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here