ရဲတိုက် ဘာလို့ မလွတ်သေးတာလဲ

0
243

Ye-Tikeမေလ ၂၄ ရက်နေ့က ပြည် ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံကို ကြိုဆိုသော အားဖြင့် နိုင်ငံသား အကျဉ်းသား ၁၈၆ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား ၇၃ ဦး တို့ကို ပြစ်ဒဏ်က လွတ်ငြိမ်းချမ်းသာ ခွင့် ပေးသော်လည်း တောင်ငူ ထောင်မှာ မူးယစ်ဆေးဝါး အမှုနဲ့ ပြစ်ဒဏ် ကျခံနေရတဲ့ သရုပ်ဆောင် ရဲတိုက် ကတော့ လွတ်မြောက်မှုမရှိ သေးကြောင်း ဆာတိုရီ ထုတ်လုပ်ရေး မှ ကိုမျိုးဇော် က ပြောပြခဲ့ပါတယ်။

“အချိန် အထိတော့ မဟုတ်သေး ပါဘူး။ အဲဒီအပေါ်မှာ ကျွန်တော် ထွေထွေ ထူထူးထူး ပြောစရာမရှိပါ ဘူး။ စိတ်ထဲမှာတော့ လက်ရှိ အစိုးရ က ရဲတိုက်အပေါ်မှာ မေတ္တာ စေတနာ မရှိဘူးလို့ ခံစားရတယ်။ ငဲ့ညှာ ထောက်ထားဖို့လည်း စိတ်ဆန္ဒ မရှိ ဘူးလို့လည်း ခံစားရတယ်။ ရဲတိုက် က မူးယစ်ဆေးဝါး အမှုကို ကျခံနေ တာ ကျော်သွားပြီ။ အခုကျခံနေတာ က မူးယစ်ဆေးဝါးမှု ကျပြီးမှ ထပ်ချ ထားတဲ့ အရင်အစိုးရ လက်ထက်မှာ တုန်းက အထက် အမိန့်နဲ့ချထား တယ်။ ဘာသာ ညှိုးနွမ်းစေမှုနဲ့ ပြစ်ဒဏ် ၁နှစ်ကိုဆက်ပြီးကျခံနေရ တာ။ ရာသီဥတုက တောင်ငူထောင် မှာ အရမ်းပြင်းထန်တော့ အရမ်းပူ တယ်။ အပူဒဏ်ကို ခံစားနေရတာ။ အပူဒဏ် နဲ့တင် သူ့ကျန်းမာရေး အခြေအနေ တော်တော်ဆိုးရွားသွား နိုင်တယ်။ တော်တော် ဆိုးဆိုးရွားရွား ခံစားနေရတော့ အခုဆို လွတ်ငြိမ်း ချမ်းသာခွင့်မှာ ပါစေချင် တာပေါ့။ သမ္မတကြီးက လွတ်ငြိမ်းချမ်းသာပေး တာ တိုင်းပြည် အကျိုး၊ မိမိအကျိုးကို ဆောင်ရွက်ဖို့ တို့၊ နိုင်ငံတော် ရဲ့ မေတ္တာ ၊ စေတနာတို့၊ လူမှုရေး နစ်နာထောက်ထားသော ဆိုတဲ့ စကားလုံး တွေထဲမှာ ရဲတိုက် အတွက် က အကျုံးမဝင်ဘူး။ အဲဒီတော့ ရင်ထဲ မှာ တကယ် မကောင်းဘူး။ နစ်နာ ထောက်ထားစရာ လိုတဲ့ လူစာရင်းမှာ ရဲတိုက် မပါဘူးလို့ ကြော်ငြာလိုက်တာ ပဲ။ ခံစားရတယ်။ အဲဒီလိုပဲ မှတ်ယူ လိုက်တယ်။ နောက်ပြီး ဘယ်လိုစံနှုန်း သတ်မှတ်ချက်တွေနဲ့ ရွေးတာလဲ မသိ ဘူး။ သူတို့ ထည့်မစဉ်းစားပေးလည်း ရဲတိုက် လွတ်ဖို့ လေးငါးခြောက်လ လောက်ပဲ ကျန်တော့တာ ဆိုတော့ ဒါပေမဲ့လည်း ဒီလေးငါးလ က ကျန်း မာရေး အများကြီးပဲ။ အကုန်အခက် အခဲတွေ ရင်ဆိုင်နေ ရတာ။ သူကျန်း မာရေး အခြေအနေကို ကျွန်တော် အခုမပြောသေး ဘူး။ ဒီကြား ကာလ အတွင်းမှာ ဘာ အန္တရာယ်မှ မရှိဘဲ လွတ် လာပြီ ဆိုရင် ကျွန်တော် ဘာမှ မပြောတော့ဘူး။ အဲဒီလို မဟုတ်ဘဲနဲ့ ကြီးမားတဲ့ ဆုံးရှုံး မှုတွေ၊ ပြဿနာ တွေ ကြုံ တွေ့ရမယ် ဆိုလို့ ရှိရင် တော့ ကျွန်တော် အဲဒီအခါကျရင် ပြောပါ့မယ်။ အခုတော့ ပြောဖို့ အခွင့် မသာသေးဘူး”လို့ ပြော ပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here