အမေရိကန် နိုင်ငံမှာ စီးပွားစီမံ ဘွဲ့လွန် သွားသင်ယူမယ့် ခင်သဇင်

0
370

Khine-Thazinသရုပ်ဆောင် ခင်သဇင်က ပညာရေးပိုင်းမှာ လန်ဒန်က ပေးအပ်တဲ့ စီးပွားရေးဘွဲ့ ရရှိထားသူဖြစ်ပြီး အခုအခါ (စီးပွားစီမံ) ဘွဲ့လွန်ကို အမေရိကန်နိုင်ငံမှာ သွားရောက် သင်ယူမှာဖြစ်ပါတယ်။ အမေရိကန် နိုင်ငံမှာ ကျောင်း သွားတက်မယ့် အကြောင်းကို ခင်သဇင်က

“သဇင်အခု ဇွန်လ ၁၃ ရက် နေ့ကျရင် အမေရိကန်မှာ MBA  (စီးပွားစီမံ)ဘွဲ့လွန် တစ်လ သွားတက်ရမှာပါ။ အရင်တုန်း က ဟောင်ကောင်၊ ဗီယက်နမ် တို့မှာ သွားသင်ရတယ်။ အခု အမေရိကန်မှာ သွားသင်ရမယ်။ နောက်ပိုင်းမှာ ပြင်သစ်၊ လန်ဒန်တို့မှာ သွားသင်ဖို့ရှိပါတယ်။ အခုဘွဲ့လွန်ကို ယိုးဒယား ကပေးမှာပါ။ ဘွဲ့ယူရင်လည်း ယိုးဒယားမှာ သွားယူရမှာပါ” လို့ ခင်သဇင် ကပြောပါတယ်။

အမေရိကန် နိုင်ငံမှာ ကျောင်းတက်ပြီး ပြန်လာတဲ့အခါ အနုပညာ အလုပ်ကိုပဲ ဆက်လက်လုပ် ကိုင် သွားမှာဖြစ်သလို စီးပွားရေး အနေနဲ့လည်း လုပ်ကိုင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

“အခုကိုယ်လုပ်နေတဲ့ အနုပညာ အလုပ်ကို အကောင်းဆုံး ကြိုးစား တယ်။ သဇင်မှာ စီးပွားရေး လုပ်ထား တာလည်း ရှိတယ်။ သဇင်က  အဓိက သင်ယူ ထားရတာက ကုန်ပစ္စည်း ရောင်း ချတာ၊ ကုန်ပစ္စည်းကို ကိုယ်တိုင် ထုတ်လုပ်တာ တို့ကို သင်ထား ရတယ်။ နောက်ပိုင်း ကျရင် အဲဒီလို စီးပွားရေး လုပ်ကိုင်သွားဖို့တော့ ရှိတယ်” လို့ ပြောပါတယ်။ ခင်သဇင်က ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင် နေသလို၊ Oshare Yuki Salon & Spa ဆိုင်ကိုလည်း သူငယ်ချင်းတစ်ဦး နဲ့အတူ ဖွင့်လှစ်ထား ပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here